The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်မှ ဂျပန်နိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်ပြီးဖြစ်သော ဦးစိုးဟန်နှင့် မလေးရှားနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်ပြီးဖြစ်သော ဦးအောင်စိုးဝင်းတို့အား လက်ခံတွေ့ဆုံ

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၈) ရက်

              လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်အား ဂျပန်နိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်ပြီးဖြစ်သော ဦးစိုးဟန်နှင့် မလေးရှားနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်ပြီး ဖြစ်သော ဦးအောင်စိုးဝင်းတို့မှ သက်ဆိုင်ရာနိုင်ငံများသို့ သွားရောက်တာဝန်ထမ်းဆောင်ခြင်း မပြုမီ ၂၀၂၀ ပြည့်နှစ် ၊ အောက်တိုဘာလ(၈)ရက်နေ့၊  ၁၆:၀၀ နာရီအချိန်တွင် ရုံးအမှတ်(၂၇)ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။

              ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ သံအမတ်ကြီးများအဖြစ် ခန့်အပ် တာဝန်ပေးအပ်ခြင်းခံရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ဂျပန်နိုင်ငံနှင့် မလေးရှားနိုင်ငံ တို့သည် မိမိတို့နိုင်ငံနှင့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများစွာဖြင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် အခြေခံ အဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာနှင့် ငွေကြေးပိုင်းဆိုင်ရာ ပံ့ပိုး ကူညီမှု များစွာ ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် ဝန်ကြီးဌာနမှ ဝန်ထမ်းများအား စွမ်းဆောင်ရည် မြှင့်တင်ရေး (Capacity Development) အတွက်လည်း ဂျပန်နိုင်ငံမှ ကာလတို/ကာလရှည် သင်တန်းများနှင့် ပညာသင်ဆုများပေးအပ်လျက်ရှိရာ မိမိတို့ဌာနနှင့် နိုင်ငံ၏ ရေရှည်အကျိုး စီးပွားအတွက် များစွာအထောက်အကူပြုပါကြောင်း၊ မလေးရှားနိုင်ငံအနေဖြင့် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ကဏ္ဍတွင် မိမိတို့နိုင်ငံနှင့်များစွာပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊  သံအမတ်ကြီးများ အနေဖြင့် ယခုလို COVD-19 ကပ်ရောဂါထိန်းချုပ်မှုကာလအတွင်း မိမိတို့ဝန်ကြီးဌာနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်နိုင်ရန် ပြည်ပမှလာရောက်တာဝန်ထမ်းဆောင်မည့် ပညာရှင်များအတွက် လိုအပ်သော ပြည်ဝင်ခွင့် Visa ရရှိရေးနှင့် အခြားကိစ္စရပ်များအတွက်လည်းကောင်း၊ ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် လျှပ်စစ် နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ စီမံကိန်းလုပ်ငန်းများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက် ကောင်းမွန်စေရန်အတွက်လည်းကောင်း လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း နှင့် လုပ်ငန်းတာဝန်များကို အောင်မြင်စွာ ထမ်းဆောင်နိုင်စေရန် ဆန္ဒပြုပါကြောင်း ပြောကြားပါ သည်။

              သံအမတ်ကြီးများက မိမိတို့အနေဖြင့် သွားရောက်တာဝန်ထမ်းဆောင်မည့်နိုင်ငံများနှင့် မိမိတို့နိုင်ငံအကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍအပါအဝင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက် ကောင်းမွန်စေရန် အစွမ်းကုန်ကြိုးစားကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြား ခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
09-Oct-2020