မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်ရှိ ကျေးရွာ(၂)ရွာအား NEP စီမံကိန်းဖြင့် ထပ်မံ၍ (၂၄)နာရီ မီးပေးနိုင်ခဲ့
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ထန်းကောက် (အရှေ့နှင့်အနောက်) ကျေးရွာ(၂)ရွာအား ၁၅.၁၀.၂၀၂၀ ရက်နေ့တွင် အမျိုးသားဓာတ်အားရရှိရေးစီမံကိန်း(NEP) ဖြင့် ထပ်မံ၍ (၂၄)နာရီမီးပေးနိုင်ခဲ့ပါသည်။
အဆိုပါကျေးရွာ (၂)ရွာ၏ မီးလင်းရေးဖွင့်ပွဲအခမ်းအနားသို့ ကံမမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဟန်၊ မကွေးတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမြင့်အောင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးလင်းသိန်းတို့မှ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကံမမြို့နယ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကျေးရွာ(၃၃)ရွာ၊ NEP စီမံကိန်းဖြင့်ကျေးရွာ (၉)ရွာ၊ စုစုပေါင်း ကျေးရွာ (၄၂)ရွာအား မီးထပ်မံပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်းနှင့် မီးပေးရန်ကျန်ကျေးရွာများသို့ လျှပ်စစ်မီး အချိန်မီ ပေးပို့နိုင်ရေးအတွက် တာဝန်ရှိသူတို့က မြေပြင်ကွင်းဆင်းကာ ကြပ်မတ်ဆောင်ရွက်လျက်ရှိ ပါကြောင်း မြို့နယ်လျှပ်စစ်မှူး ဦးထွန်းလွင်ထံမှ သိရှိရပါသည်။