၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ( ၁၆ ) ရက်
တောင်သာမြို့နယ်၊ ပန်းပေါင်းကျေးရွာအုပ်စု၊ ထောက်ရှာကျင်းကျေးရွာတွင် အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) ဖြင့် ကျေးရွာမီးလင်းရေးအောင်ပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
ကျေးရွာမီးလင်းရေးဖွင့်ပွဲအခမ်းအနားသို့ တောင်သာမြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်ဇော်လင်း နှင့်အတူ ရွာဦးကျောင်းဆရာတော်၊ ကျေးရွာသူ ကျေးရွာသားများပူးပေါင်း၍ မီးလင်းရေးဖွင့်ပွဲကို အောင်မြင်စွာ ကျင်းပခဲ့ကြပြီး တောင်သာမြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်ဇော်လင်းမှ လျှပ်စစ်မီးလင်းရေး ဆောင်ရွက်ပေးရသည့်ရည်ရွယ်ချက်နှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ထောက်ရှာကျင်းကျေးရွာ ရွာဦးဆရာတော်နှင့် ကျေးရွာမီးလင်းရေးကော်မတီ ဥက္ကဋ္ဌတို့မှ လျှပ်စစ်မီးရရှိပြီဖြစ်သည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပါသည်။