The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ လက်ပံခါးလှ(မြောက်တော)ရွာ လျှပ်စစ်မီးလင်းရေးအောင်ပွဲကျင်းပ

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၂၀)ရက်

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ အနောက်အုတ်ဖိုအုပ်စု၊ လက်ပံခါးလှ (မြောက်တော)ရွာ လျှပ်စစ်မီးလင်းရေးအောင်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၂၀) ရက်နေ့ (၁၅:၀၀) နာရီအချိန်တွင် အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

 အဆိုပါ လျှပ်စစ်မီးလင်းရေးအောင်ပွဲကို မန္တလေးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးဦး၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးမျိုးမြင့်နှင့် ကျေးရွာ မီးလင်းရေးကော်မတီဥက္ကဋ္ဌတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး မြို့နယ်လျှပ်စစ်မန်နေဂျာမှ ဆိုင်းဘုတ်မီးခလုပ်နှိပ်၍ ဖွင့်လှစ်ခဲ့ပါသည်။ လက်ပံခါးလှ(မြောက်တော)ရွာ လျှပ်စစ် မီးလင်းရေးအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ PFI အစီအစဉ်ဖြင့် ၂၀၀ ကေဗွီအေ ထရန်စဖော်မာ(၁)လုံးနှင့် ၁၁ ကေဗွီဓာတ်အားလိုင်း(၂)လိုင်းအား ဆောင်ရွက် ပေးခဲ့ခြင်းဖြစ်ပြီး ကျေးရွာနေအိမ်ထောင်စု (၁၈၂) စု လျှပ်စစ်မီးသုံးစွဲနိုင်တော့မည်ဖြစ် ပါသည်။

ရမည်းသင်းမြို့နယ်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ PFI အစီအစဉ်ဖြင့် ကျေးရွာ (၄၀) မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ပေးခဲ့ရာ ၁၁ ကေဗွီဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများအားလုံး တည်ဆောက်ပြီးစီးခဲ့ပြီးဖြစ်၍ လျှပ်စစ်မီးစတင် ပို့လွှတ် ဖြန့်ဖြူးပေးနိုင်ခဲ့ရာ (၁၄.၁၀.၂၀၂၀) ရက်မှ (၂၀.၁၀.၂၀၂၀) ရက်ထိ ကျေးရွာ(၂၃)ရွာအား လျှပ်စစ်မီးပေးနိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် လျှပ်စစ်မီးသုံးစွဲလာနိုင်သည့်အတွက် ကျေးလက်နေ ပြည်သူများ၏ လူမှုဘဝတိုးတက်မြင့်မားလာတော့မည်ဖြစ်ပါသည်။   

Post under by : ဝန်ကြီးရုံး
20-Oct-2020