၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ( ၂၃ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်းသည် The World Bank မှ Lead Energy Specialist and Task Team Leader ဖြစ်သူ Mr. Sunil Kumar Khosla ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့၊ ၁၅:၃၀ နာရီအချိန်တွင် ဒုတိယဝန်ကြီး၏ရုံးခန်း၌ Video Conferencing ဖြင့် တွေ့ဆုံပြီး Warp-up Meeting ပြုလုပ်ပါသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် The World Bank ၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်လျက် ရှိသည့် The Power System Efficiency and Resilience Project နှင့်ပတ်သက်၍ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းတို့နှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက်မှုအခြေအနေများနှင့်စပ်လျဉ်းပြီး ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သက်ဆိုင်ရာ ဌာနအကြီးအကဲများနှင့် The World Bank မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။