The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီ အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၀) ကျင်းပပြုလုပ်

၃-၁၁-၂၀၂၀

                   ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီ အစည်း အဝေး အမှတ်စဉ် (၃/၂၀၂၀) အား ၃-၁၁-၂၀၂၀ ရက်၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် ၆ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

             အဆိုပါအစည်းအဝေးသို့ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများ ထိန်းသိမ်း ကြီးကြပ်ရေးကော်မတီ ဥက္ကဌ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူ များ ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် အမြဲတမ်းအတွင်းဝန်မှ အဖွင့် အမှာစကား ပြောကြားရာတွင် ရေနံနှင့်ရေနံထွက်ပစ္စည်းများ ယခင်ကထက် ပိုမို၍ကြီးကြပ်စစ်ဆေး နိုင်စေရေးအတွက် မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းအား ရေနံထွက်ပစ္စည်းကြီးကြပ် စစ်ဆေးရေးဉီးစီးဌာနအဖြစ် ပြောင်းလဲ ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ ရေနံထွက်ပစ္စည်းကြီးကြပ် စစ်ဆေးရေးဉီးစီးဌာနမှလည်း မူဝါဒ၊ လုပ်ငန်းစဉ်များ ချမှတ်၍ လုပ်ငန်းများ စတင်ဆောင်ရွက် နေပြီဖြစ်ပါကြောင်း၊ ရေနံနှင့်ရေနံထွက်ပစ္စည်းများ သယ်ယူပို့ဆောင်ရာ၌ ထုတ်ပြန်ထားသော ဉပဒေ များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျရှိစေရေးနှင့် အခွန်အခများ မှန်ကန်စွာ ရရှိစေရေးအတွက် Online Monitoring စနစ်ဖြင့် ဆောင်ရွက်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ရေနံနှင့်ရေနံထွက်ပစ္စည်း များ၏  Supply Change တစ်ခုလုံးအတွက် စာရင်းအင်းအချက်အလက်များ မှန်ကန်စွာ ရှိစေရေး အတွက် ကော်မတီဝင်များနှင့် သက်ဆိုင်ရာ ဌာနအသီးသီးများမှ ပူးပေါင်းပါဝင်ပံ့ပိုးပေးစေလို ကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသူများမှ စက်ဆီ၊ ချောဆီ၊ ဆက်စပ်ရေနံထွက် ပစ္စည်း Specialties များအတွက် လိုင်စင်ထုတ်ပေးခြင်း၊ ရေနံနှင့်ရေနံထွက်ပစ္စည်းသယ်ယူ ပို့ဆောင်ခြင်းကြီးကြပ်လက်မှတ်ထုတ်ပေးခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်း၊ ရေနံနှင့်ရေနံထွက်ပစ္စည်း ဆိုင်ရာ ဉပဒေအရ အရေးယူဆောင်ရွက်ခြင်း၊ လိုင်စင်အမည်နှင့် လိုင်စင်ကြေးနှုန်းထားပြောင်းလဲ ပြင်ဆင်သတ်မှတ်နိုင်ရန်အတွက် လိုင်စင်ရယူဆောင်ရွက်နေသော Stakeholder များ၊ သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းဆွေးနွေးနိုင်ရေး ကြိုတင်တင်ပြသည့်ကိစ္စနှင့် ရေနံထွက်ပစ္စည်းကြီးကြပ် စစ်ဆေးရေးဉီးစီးဌာန၏ လုပ်ငန်းတာဝန်များအား ရှင်းလင်းတင်ပြခြင်းတို့ကို ဆွေးနွေး ဆောင်ရွက်ခဲ့ ပါသည်။

Post under by : ဝန်ကြီးရုံး
04-Nov-2020