၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ( ၁၂ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (လျှပ်စစ်) ဦးခင်မောင်ဝင်းသည် The World Bank မှ Lead Energy Specialist and Task Team Leader ဖြစ်သူ Mr. Sunil Kumar Khosla ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၁၂) ရက်နေ့၊ ၁၀:၀၀ နာရီအချိန် တွင် ဒုတိယဝန်ကြီး၏ရုံးခန်း၌ Virtual Meeting ပြုလုပ်ဆွေးနွေးခဲ့ပါသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် The World Bank ၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်လျက်ရှိသည့် National Electrification Project-1 (NEP-1) ၏ ပထမအဆင့် (Phase I) အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုနှင့် ဆောင်ရွက်နေမှုအခြေအနေများ၊ ဒုတိယအဆင့် (Phase II) ဆောင်ရွက်မည့် အခြေအနေ များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် National Electrification Project-2 (NEP-2) တို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်၊ သက်ဆိုင်ရာဌာနအကြီးအကဲများနှင့် The World Bank မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။