The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

မကွေးမြို့နယ်၊ သဖန်းဆိပ်ကျေးရွာ လျှပ်စစ်မီးရရှိ

၂၀၂၀ ပြည့်နှစ် ၊ ဒီဇင်ဘာလ (၄)ရက်

               အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP Phase-1 ဖြင့် ဆောင်ရွက်ခဲ့သည့် မကွေးမြို့နယ်၊ သဖန်းဆိပ်ကျေးရွာ မီးလင်းရေးအောင်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၄) ရက်နေ့ ညနေပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

               အဆိုပါကျေးရွာမီးလင်းရေးအောင်ပွဲကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း၊ တိုင်းဒေသကြီး အမှတ်(၂) မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးဌေးအောင်၊ သဖန်းဆိပ်ကျေးရွာ၊ ရွာခွဲတာ၀န်ခံ ဦးအောင်သန်းဇော် ၊ ကျေးရွာမီးလင်းရေးကော်မတီ ဥက္ကဌ ဦးမြင့်စိုး တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အခမ်းအနားတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း နှင့် တိုင်းဒေသကြီးအမှတ်(၂)မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်တို့က အမှာစကားများ ပြောကြားကြပြီး၊ မကွေးမြို့နယ် လျှပ်စစ် အင်ဂျင်နီယာ ဦးစိုးဌေးအောင်က လျှပ်စစ်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ပေးမှုနှင့် လျှပ်စစ် အန္တရာယ်ကင်းရှင်းရေး ကိစ္စရပ်များကို ရှင်းလင်း ပြောကြားကာ မြို့နယ်လျှပ်စစ်ရုံးဝန်ထမ်းများက လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ သည်။

               သဖန်းဆိပ်ကျေးရွာ မီးလင်းရေးအတွက် လိုအပ်သည့် ကျေးရွာတွင်း ၄၀၀ ဗို့ ဓာတ်အား လိုင်း (၅၉၀၀)ပေကို ကျေးရွာနေ ပြည်သူလူထု ထည့်ဝင်ငွေများဖြင့် တည်ဆောက်ခဲ့ကာ၊ သဖန်းဆိပ် ကျေးရွာအတွက်(၁၁) ကေဗွီ ဓာတ်အားလိုင်း(၁.၇၃၉)မိုင်နှင့် (၁၁/၀.၄) ကေဗွီ (၂၀၀)ကေဗွီအေ ထရန်စဖော်မာ (၂)လုံးတို့ကို အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း (NEP) အနေဖြင့် တာဝန်ယူတပ်ဆင်ပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါ သဖန်းဆိပ်ကျေးရွာသည် NEP စီမံကိန်းဖြင့် မကွေး မြို့နယ်၏ (၂၉)ရွာမြောက် မီးလင်းသည့် ကျေးရွာဖြစ်ပြီး ကျေးရွာရှိ အိမ်ခြေ(၃၂၀)ကို လျှပ်စစ်မီး ဖြန့်ဖြူးပေးနိုင်မည် ဖြစ်သည်။

Post under by : ဝန်ကြီးရုံး
04-Dec-2020