The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်တွင် (၂၀၁၉–၂၀၂၀) ဘဏ္ဍာနှစ် တိုင်းဒေသကြီး Main Budget သာမာန်ငွေလုံးငွေရင်း ပိုလျှံရန်ပုံငွေ GRF အစီအစဉ်ဖြင့် ကျေးရွာ(၃)ရွာ ထပ်မံ၍ (၂၄)နာရီ မီးပေးနိုင်ခဲ့

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (  ၈  ) ရက်

               မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ် ကြိုးကြာကျေးရွာအုပ်စု ကြိုးကြာကျေးရွာ၊ လျှော်တောင်ကျေးရွာ၊ ယင်းတောကျေးရွာတို့အား (၈.၁၂.၂၀၂၀) ရက်နေ့ တွင် တိုင်းဒေသကြီး Main Budget သာမန်ငွေလုံးငွေရင်း ပိုလျှံရန်ပုံငွေ GRF အစီအစဉ်ဖြင့် ထပ်မံ၍ ကျေးရွာ(၃)ရွာအား (၂၄)နာရီ ဓာတ်အားပေးနိုင်ခဲ့ပြီး အမျိုးသားလျှပ်စစ် ဓာတ်အား ရရှိရေး NEP Phase-1 အစီအစဉ်ဖြင့်လည်း ကျေးရွာ(၁၁) ရွာအား ဓာတ်အားပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ ကျေးရွာမီးလင်းရေးဖွင့်ပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးလတ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး လက်ထောက်အင်ဂျင်နီယာ ဦးအောင်မျိုးသန်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖတို့မှ တက်ရောက်ဖွင့်လှစ်ခဲ့ပါသည်။

               ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း သရက်မြို့နယ်တွင် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေး NEP Phase-1 စီမံကိန်းဖြင့် ကျေးရွာ(၁၁)ရွာ ဓာတ်အားပေးနိုင်ခဲ့ပြီး တိုင်းဒေသကြီး Main Budget ရန်ပုံငွေဖြင့် ကျေးရွာ (၁၄)ရွာနှင့် တိုင်းဒေသကြီး သာမန်ငွေလုံးငွေရင်း ပိုလျှံ ရန်ပုံငွေ GRF ဖြင့် ကျေးရွာ(၅)ရွာ၊  စုစုပေါင်းကျေးရွာ (၃၀) ရွာအား (၂၄) နာရီ လျှပ်စစ် ဓာတ်အား ထပ်မံပေးနိုင်ခဲ့ပြီး  မီးလင်းရန်ကျန်ကျေးရွာများကိုလည်း အမြန်ဆုံး ဓာတ်အားပေး နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

Post under by : ဝန်ကြီးရုံး
10-Dec-2020