The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲ့မှုကော်မတီ ဥက္ကဋ္ဌဖြစ်သူ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်မှ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Mr. Ichiro MARUYAMA အား လက်ခံတွေ့ဆုံ

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (  ၁၆  ) ရက်

              ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲ့မှုကော်မတီ ဥက္ကဋ္ဌဖြစ်သူ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် သည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီး H.E. Mr. Ichiro MARUYAMA နှင့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့၊ မွန်းလွဲ(၂:၀၀)နာရီအချိန်တွင် Video Conferencing စနစ်ဖြင့် လက်ခံတွေ့ဆုံဆွေးနွေးခဲ့ပါသည်။

              ထိုသို့ တွေ့ဆုံရာတွင် ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲ့မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာထွန်းနိုင်မှ ဂျပန်နိုင်ငံအနေဖြင့် မြန်မာ-ထိုင်း ဖွဲ့စည်းထားသည့် ထားဝယ် အထူးစီးပွားရေးဇုန် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးအဆင့်ကော်မတီနှင့် အဆင့်မြင့် ကော်မတီများတွင် ပါဝင်လိုမှုအပေါ် ကြိုဆိုလက်ခံပြီးဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး၊ ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေး (Dawei SEZ Deep Sea Port Development) အတွက် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ ပီပီပြင်ပြင်ဖြစ်ပေါ်လာရေးနှင့် ပင်မစီမံကိန်းအတွက် မဟာဗျုဟာမြောက် ပတ်ဝန်းကျင် ဆိုင်ရာဆန်းစစ်ခြင်း (Strategic Environmental Assessment) ဆောင်ရွက်မည့် အစီအစဉ်များအား ဆွေးနွေးခဲ့ကြပါသည်။ 

အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့်အတူ ထားဝယ် အထူး စီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဋ္ဌ(၁)၊ ဒေါ်ရီရီချို၊ ဒုတိယဥက္ကဋ္ဌ(၂)၊ ဒေါက်တာမြင့်ဆန်းနှင့် အတွင်းရေးမှူး၊ ဒေါက်တာတင်ထူးနိုင် တို့မှလည်း Online မှတစ်ဆင့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
16-Dec-2020