The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

မကွေးမြို့နယ်၊ ကန်သစ်ကျေးရွာ လျှပ်စစ်မီးရရှိ

၂၀၂၁ ခုနှစ် ၊ ဇန်နဝါရီလ (၁)ရက်

             အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP Phase-1 ဖြင့် ဆောင်ရွက်ခဲ့သည့် မကွေးမြို့နယ်၊ ကန်သစ်ကျေးရွာ မီးလင်းရေးအောင်ပွဲကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ(၁) ရက်နေ့ ညနေပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

             အခမ်းအနားသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း၊ တိုင်းဒေသကြီး အမှတ်(၂)မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်၊ မကွေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မကွေးမြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးဌေးအောင်၊ ရွာဟောင်းကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအေးဝင်း၊ ကန်သစ်ကျေးရွာ မီးလင်းရေးကော်မတီ ဥက္ကဌ ဦးဘိုကွန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အခမ်းအနားတွင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း၊ တိုင်းဒေသကြီး အမှတ်(၂) မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်၊ မကွေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်လွင်တို့က အမှာစကားများ ပြောကြားကြပြီး၊ မကွေးမြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးစိုးဌေးအောင်က လျှပ်စစ်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ပေးမှုနှင့် လျှပ်စစ် အန္တရာယ်ကင်းရှင်းရေး ကိစ္စရပ်များကို ရှင်းလင်းပြောကြားကာ မြို့နယ်လျှပ်စစ်ရုံးဝန်ထမ်းများက လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

             ကန်သစ်ကျေးရွာ မီးလင်းရေးအတွက် လိုအပ်သည့် ကျေးရွာတွင်း ၄၀၀ ဗို့ ဓာတ်အားလိုင်း (၇၈၀၀)ပေကို ကျေးရွာနေ ပြည်သူလူထု ထည့်ဝင်ငွေများဖြင့် တည်ဆောက်ခဲ့ကာ၊ ကန်သစ်ကျေးရွာ အတွက်(၁၁) ကေဗွီ ဓာတ်အားလိုင်း(၁.၉၃)မိုင်နှင့် (၁၁/၀.၄) ကေဗွီ (၂၀၀)ကေဗွီအေ ထရန် စဖော်မာ (၂)လုံးတို့ကို အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) အနေဖြင့် တာဝန်ယူ တပ်ဆင်ပေးခဲ့ခြင်းဖြစ်သည်။ NEP စီမံကိန်းဖြင့် မကွေးမြို့နယ်၏ (၃၆)ရွာမြောက် မီးလင်းသည့် ကျေးရွာဖြစ်ပြီး ကန်သစ်ကျေးရွာရှိ အိမ်ခြေ(၃၈၀)ကို လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်မည် ဖြစ်သည်။

Post under by : ဝန်ကြီးရုံး
03-Jan-2021