The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

မကွေးမြို့နယ်၊ သင်္ဘောဆိပ်ကျေးရွာ နှင့် ဖလံရုံကျေးရွာ လျှပ်စစ်မီးရရှိ

၂၀၂၁ ခုနှစ် ၊ ဇန်နဝါရီလ (၄)ရက်

             အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP Phase-1 ဖြင့် ဆောင်ရွက်ခဲ့သည့် မကွေးမြို့နယ်၊ သင်္ဘောဆိပ်ကျေးရွာ နှင့် ဖလံရုံကျေးရွာ မီးလင်းရေး အောင်ပွဲကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့ ညနေပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

             အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း၊ တိုင်းဒေသကြီး အမှတ်(၂)မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်၊ မကွေးမြို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်၊ မကွေး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးဌေးအောင်၊ မယ်လှတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်၊ သင်္ဘောဆိပ်ကျေးရွာ မီးလင်းရေးကော်မတီ ဥက္ကဌ ဦးဇော်မင်း၊ ဖလံရုံကျေးရွာ မီးလင်းရေးကော်မတီ ဥက္ကဌ ဦးတင်မောင်ထွေးတို့ တက်ရောက်ဖွင့်လှစ်ခဲ့ပေးခဲ့ပါသည်။

             သင်္ဘောဆိပ်ကျေးရွာ မီးလင်းရေးအတွက် လိုအပ်သည့် ကျေးရွာတွင်း ၄၀၀ ဗို့ ဓာတ်အား လိုင်း (၁၉၀၀)ပေနှင့် ဖလံရုံကျေးရွာ မီးလင်းရေးအတွက် လိုအပ်သည့် ကျေးရွာတွင်း ၄၀၀ဗို့ ဓာတ်အားလိုင်း (၁၁၀၀)ပေကို ကျေးရွာနေ ပြည်သူလူထုထည့်ဝင်ငွေများဖြင့် တည်ဆောက်ခဲ့ကာ၊ သင်္ဘောဆိပ်ကျေးရွာအတွက် (၁၁) ကေဗွီ ဓာတ်အားလိုင်း(၀.၄၇၅)မိုင် (၁၁/၀.၄) ကေဗွီ (၁၀၀) ကေဗွီအေ ထရန်စဖော်မာ (၁)လုံးနှင့် ဖလံရုံကျေးရွာအတွက် (၁၁) ကေဗွီ ဓာတ်အားလိုင်း (၀.၀၂၈) မိုင်၊ (၁၁/၀.၄)ကေဗွီ (၁၀၀)ကေဗွီအေ ထရန်စဖော်မာ (၁)လုံး တို့ကို အမျိုးသားလျှပ်စစ် ဓာတ်အား ရရှိရေး စီမံကိန်း (NEP) အနေဖြင့် တာဝန်ယူ တပ်ဆင်ပေးခဲ့ခြင်းဖြစ်သည်။ မကွေးမြို့နယ်အတွင်း NEP စီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သည့်  သင်္ဘောဆိပ်ကျေးရွာမှာ (၃၇) ရွာမြောက် နှင့် ဖလံရုံကျေးရွာ မှာ (၃၈)ရွာမြောက် မီးလင်းခဲ့ခြင်းဖြစ်ပြီး သင်္ဘောဆိပ်ကျေးရွာရှိ အိမ်ခြေ (၁၈၃) အိမ် နှင့် ဖလံရုံ ကျေးရွာရှိ အိမ်ခြေ (၁၀၁)အိမ် တို့ကို လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်မည် ဖြစ်သည်။

Post under by : ဝန်ကြီးရုံး
05-Jan-2021