လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
ပြည်သူသို့ မေတ္တာရပ်ခံပန်ကြားချက်
၁၃၈၃ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက်
(၂၀၂၁ ခုနှစ်၊ မေလ ၁၃ ရက်)
၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲသူ မိဘပြည်သူများ လုံခြုံစိတ်ချ၍ တည်ငြိမ်ပြည့်ဝသည့် လျှပ်စစ်ဓာတ်အားကို သုံးစွဲနိုင်ရန်အတွက် နေ့ညမလပ် ၊ ရာသီဥတု၊အချိန်အခါမရွေး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ပြုပြင်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ ဆက်လက်၍လည်း အကောင်းဆုံးဝန်ဆောင်မှုဖြစ်စေရန် ကြိုပမ်း ဆောင်ရွက်လျက်ရှိပါသည်။
၂။ ထိုသို့ကြိုးပမ်းဆောင်ရွက်ရာတွင် လျှပ်စစ်ဓာတ်အားသုံးစွဲသူ မိဘပြည်သူများ လုံခြုံစိတ်ချ၍ တည်ငြိမ်ပြည့်ဝသည့် လျှပ်စစ်ဓာတ်အားကို ရရှိသုံးစွဲနိုင်စေရန် နိုင်ငံပိုင်လျှပ်စစ်ဓာတ်အားပေး စက်ရုံကြီးများမှ လျှပ်စစ်ဓာတ်အားထုတ်လျက်ရှိသည့်အပြင် ပုဂ္ဂလိကပိုင်စက်ရုံများမှလည်း လျှပ်စစ် ဓာတ်အားများကိုဝယ်ယူ၍ ဖြန့်ဖြူးပေးလျက်ရှိပါသည်။
၃။ လျှပ်စစ်ဓာတ်အားသုံးစွဲသူ မိဘပြည်သူများထံမှရရှိသော ဓာတ်အားခများဖြင့် ပြည်သူများ လိုလားနေသော တည်ငြိမ်ပြည့်ဝလုံလောက်သည့် လျှပ်စစ်ဓာတ်အားများကို နိုင်ငံပိုင် စက်ရုံများမှ ထုတ်လုပ်ရသကဲ့သို့ ပုဂ္ဂလိကပိုင်စက်ရုံများမှလည်း ဝယ်ယူဖြန့်ဖြူးပေးနေရသဖြင့် သုံးစွဲခဲ့သည့် လျှပ်စစ်ဓာတ်အားခများအား ပေးသွင်းမှသာလျှင် စဉ်ဆက်မပြတ် ဓာတ်အား ထုတ်လုပ်ဝယ်ယူဖြန့်ဖြူးနိုင်မည် ဖြစ်ပါသည်။
၄။ သို့ဖြစ်ပါ၍ လျှပ်စစ်ဓာတ်အားသုံးစွဲသူ မိဘပြည်သူများအနေဖြင့် မိမိတို့သုံးစွဲခဲ့သော ဓာတ်အားခကျသင့်ငွေများကို လအလိုက် တိုးမြှင့်ပြင်ဆင်သတ်မှတ်ပေးထားသည့် ရက်များမတိုင်မီ ပေးသွင်းရန်လိုအပ်ပါသည်။ ထိုသို့ပေးသွင်းရာတွင် Mobile Banking ဖြင့်လည်း ပေးသွင်းနိုင်ပါ ကြောင်းနှင့် သတ်မှတ်ရက်များအတိုင်း ပေးသွင်းခြင်းမရှိပါက လျှပ်စစ်ဥပဒေအရ လျှပ်စစ် ဓာတ်အားဖြတ်တောက် အရေးယူခြင်းမခံရစေရန် စေတနာဖြင့်အသိပေးနှိုးဆော်အပ်ပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန