၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ( ၁၂ )ရက်
ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပပြုလုပ်သော Russian Energy Week International Forum (REW 2021)သို့ တက်ရောက်ရန်ရောက်ရှိနေသည့် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး နှင့်အဖွဲ့သည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ORGRES ကုမ္ပဏီနှင့် ရုရှားကုန်သည်ကြီးများအသင်းတို့၏ တာဝန်ရှိသူများနှင့် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အသီးသီး လက်ခံတွေ့ဆုံဆွေးနွေးခဲ့ ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နံနက် (၁၀:၀၀)နာရီအချိန်၌ ရုရှားနိုင်ငံမှ ရေအားလျှပ်စစ်နှင့် ဓာတ်အားခွဲရုံများ တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်လိုသော ORGRES ကုမ္ပဏီမှ Mr. Alexander Nazarov နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နိုင် မည့်အခွင့်အလမ်းများကို ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (၁၃:၀၀)နာရီအချိန်တွင် ရုရှား ကုန်သည်ကြီးများအသင်း၏ ဥက္ကဋ္ဌတစ်ဦးဖြစ်သော Mr. Victor Nikolaevich Chemodanov နှင့်တွေ့ဆုံ၍ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များအား ရင်းနှီး ပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။