The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပပြုလုပ်သော Russian Energy Week International Forum (REW 2021)သို့ တက်ရောက်ရန် ရောက်ရှိနေသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးနှင့်အဖွဲ့သည် Russian Energy Week International Forum (REW 2021)သို့ တက်ရောက်ပြီး လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ကုမ္ပဏီများမှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ( ၁၄ )ရက်

               ရုရှားဖက်ဒရေးရှင်းနိုင်ငံ  မော်စကိုမြို့၌ ကျင်းပပြုလုပ်သော Russian Energy Week International Forum (REW 2021) သို့ တက်ရောက်ရန် ရောက်ရှိနေသည့် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးနှင့်အဖွဲ့သည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့ ဒေသစံတော်ချိန် နံနက်(၁၀:၃၀)နာရီအချိန်၌ ROSGEO (Russian State Geological Holding)ကုမ္ပဏီမှ CEO (Chairman of the Management Board) Mr. Sergey N. GORKOV ခေါင်းဆောင်သောအဖွဲ့နှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ စူးစမ်းရှာဖွေရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

               ၎င်းနောက် Russian Energy Week International Forum (REW 2021)တွင် ပြသထားသော ပြခန်းများအား ကြည့်ရှုလေ့လာခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒေသ စံတော်ချိန် (၁၃:၃၀)နာရီအချိန်၌ Manege Central Exhibition Hall ခန်းမတွင် ကျင်းပသော Plenary Session အား တက်ရောက်ခဲ့ရာ အဆိုပါဖွင့်ပွဲတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ ဗလာဒီမာပူတင်မှ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိခဲ့ရပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒေသစံတော်ချိန် (၁၇:၃၀)နာရီအချိန် တွင် RUSHVDRO မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Sergey MACHEKHIN နှင့် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများ တည်ဆောက်အကောင်အထည်ဖော်နိုင်မှုနှင့် ထပ်မံဆောင်ရွက်နိုင်မည့် ရှေ့အလားအလာများအား တွေ့ဆုံဆွေးနွေးခဲ့ကြကာ ဒေသစံတော်ချိန် (၁၈:၃၀) နာရီအချိန်၌ REW 2021 ဖွင့်ပွဲအထိမ်း အမှတ်ဂုဏ်ပြု ညစာစားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
14-Oct-2021