၁။ ရုံးအမှတ်(၆)၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနမှ ခေါ်ယူခဲ့သော ယာဉ်မောင်း(၅)နှင့် လုပ်သားရာထူးနေရာများအတွက် ၁၅-၁၀-၂၀၂၁ ရက်နေ့မှ ၄-၁၁-၂၀၂၁ ရက်နေ့အထိ ပေးပို့လျှောက်ထားလာသည့် လျှောက်လွှာများအနက် သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသည့် ယာဉ်မောင်း(၅) ရာထူးနေရာသို့ ဖြေဆိုမည့် (၅၉)ဦးနှင့် လုပ်သားရာထူးသို့ ဖြေဆိုမည့် (၂၃၈)ဦးအား လက်တွေ့လုပ်ငန်း ကျွမ်းကျင်မှုစစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။