၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းတွင် လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါ ရာထူးနေရာ(၆၀၀)အတွက် ယှဉ်တွဲပါ သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်-
စဉ် |
ခန့်ထားမည့်ရာထူး |
လစာနှုန်း |
ပညာအရည်အချင်း |
လစ်လပ် |
(က) |
စာရင်းကိုင်(၂) |
၂၁၆၀၀ဝိ-၂၀၀ဝိ- |
C.P.A/B.Com/B.Act/ B.BA/B.Econ |
ကျား/ မ |
(ခ) |
ထုတ်လုပ်ရေးကျွမ်းကျင်(၂) |
၂၁၆၀၀ဝိ-၂၀၀ဝိ- |
M.Sc(Chem)/ B.E(Chem) |
ကျား/ မ |
(ဂ) |
ကွန်ပျူတာလုပ်ဆောင်ရေးမှူး |
၂၁၆၀၀ဝိ-၂၀၀ဝိ- |
B.C.Sc/B.C.Tech |
ကျား/ မ |
(ဃ) |
စက်မှုကျွမ်းကျင်(၂) |
၂၁၆၀၀ဝိ-၂၀၀ဝိ- |
B.E(Mech) |
ကျား/ မ |
(င) |
လျှပ်စစ်ကျွမ်းကျင်(၂) |
၂၁၆၀၀ဝိ-၂၀၀ဝိ- |
B.E(E.P) |
ကျား/ မ |
(စ) |
ဓာတ်ခွဲခန်းကျွမ်းကျင်(၂) |
၂၁၆၀၀ဝိ-၂၀၀ဝိ- |
M.Sc(I.C)/B.E(Chem) |
ကျား/ မ |
(ဆ) |
စာရင်းကိုင်(၄) |
၁၈၀၀၀ဝိ-၂၀၀ဝိ- |
စီးပွားရေးဆိုင်ရာဘွဲ့ရ |
ကျား/ မ |
(ဇ) |
အငယ်တန်းစာရေး |
၁၈၀၀၀ဝိ-၂၀၀ဝိ- |
ဘွဲ့ရ |
ကျား/ မ |
(ဈ) |
ဒု-လ/ထကွန်ပျူတာ |
၁၈၀၀၀ဝိ-၂၀၀ဝိ- |
ဘွဲ့ရ |
ကျား/ မ |
(ည) |
ဒု-လ/ထကြီးကြပ်ရေးမှူး |
၁၈၀၀၀ဝိ-၂၀၀ဝိ- |
။ |
ကျား/ မ |
(ဋ) |
ထုတ်လုပ်ရေးကျွမ်းကျင်(၄) |
၁၈၀၀၀ဝိ-၂၀၀ဝိ- |
။ |
ကျား/ မ |
စဉ် |
ခန့်ထားမည့်ရာထူး |
လစာနှုန်း |
ပညာအရည်အချင်း |
လစ်လပ် |
(ဌ) |
ဓာတ်ခွဲခန်းကျွမ်းကျင်(၄) |
၁၈၀၀၀ဝိ-၂၀၀ဝိ- |
B.Sc(Chem/IC) |
ကျား/ မ |
(ဍ) |
လျှပ်စစ်ကျွမ်းကျင်(၄) |
၁၈၀၀၀ဝိ-၂၀၀ဝိ- |
ဘွဲ့ရ/AGTI/ EGTI/GTC |
ကျား/ မ |
(ဎ) |
စက်မှုကျွမ်းကျင်(၄) |
၁၈၀၀၀ဝိ-၂၀၀ဝိ- |
။ |
ကျား/ မ |
(ဏ) |
ယာဉ်မောင်း(၅) |
၁၆၂၀၀ဝိ-၂၀၀ဝိ- |
၈ တန်းအောင်+ယာဉ်မောင်း |
ကျား |
(တ) |
စက်မှုကျွမ်းကျင်(၅) |
၁၆၂၀၀ဝိ-၂၀၀ဝိ- |
၁၀ တန်းအောင်/ |
ကျား/မ
၂၅ |
(ထ) |
လျှပ်စစ်ကျွမ်းကျင်(၅) |
၁၆၂၀၀ဝိ-၂၀၀ဝိ- |
။ |
ကျား |
(ဒ) |
စက်မှုစီမံရေး(၅) |
၁၆၂၀၀ဝိ-၂၀၀ဝိ- |
။ |
ကျား/ မ |
(ဓ) |
ထုတ်လုပ်ရေးကျွမ်းကျင်(၅) |
၁၆၂၀၀ဝိ-၂၀၀ဝိ- |
၁၀ တန်းအောင် |
ကျား/ မ |
(န) |
ဓာတ်ခွဲခန်းကျွမ်းကျင်(၅) |
၁၆၂၀၀ဝိ-၂၀၀ဝိ- |
၁၀ တန်းအောင် |
ကျား/ မ |
(ပ) |
မီးသတ်တပ်ကြပ် |
၁၆၂၀၀ဝိ-၂၀၀ဝိ- |
။ |
ကျား |
(ဖ) |
လုံခြုံရေး(၅) |
၁၆၂၀၀ဝိ-၂၀၀ဝိ- |
၈ တန်းအောင် |
ကျား |
(ဗ) |
လုပ်သား |
၁၄၄၀၀ဝိ-၂၀၀ဝိ- |
အလယ်တန်းအောင် |
ကျား/ မ |
(ဘ) |
သန့်ရှင်းရေးအကူ |
၁၄၄၀၀ဝိ-၂၀၀ဝိ- |
။ |
ကျား/ မ |
(မ) |
ရုံးအကူ |
၁၄၄၀၀ဝိ-၂၀၀ဝိ- |
၁၀ တန်းအောင် |
ကျား/ မ |
၂။ လျှောက်ထားသူမျာသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
(ခ) ၃၀-၁၁-၂၀၂၁ ရက်နေ့တွင် အသက်(၃၂)နှစ်ထက် မကျော်လွန်သူ၊ နိုင်ငံ့ဝန်ထမ်းဖြစ် ပါက အသက် (၃၅) နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။
(ဂ) အမှတ်စဉ် (ဏ) ယာဉ်မောင်း လျှောက်ထားသူများနှင့် အမှတ်စဉ်(ဖ) လုံခြုံရေး လျှောက်ထားသူများသည် ၃၀-၁၁-၂၀၂၁ ရက်နေ့တွင် အသက်(၄၀)နှစ်ထက် မကျော် လွန်သူဖြစ်ရမည်။
(ဃ) ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်လက်အင်္ဂါပြည့်စုံသန်စွမ်းသူဖြစ်ရမည်။
(င) ရွေးချယ်ခန့်အပ်ခြင်းခံရပါက အနည်းဆုံး ၃ နှစ်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
၃။ သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့်သာ လျှောက်ထားရမည်။ လျှောက်လွှာပုံစံကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ Website ဖြစ်သော www.moee.gov.mm နှင့် Facebook Page (@MOEEmyanmar) တို့ တွင် Download ရယူပြီး လျှောက်လွှာတွင်ပါရှိသော အချက်များကို ပြည့်စုံစွာရေးသွင်းရမည်။
၄။ လျှောက်ထားသူများသည် လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ အထောက်အထားများ ပူးတွဲတင်ပြရမည်-
(က) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ ၊ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)မိတ္တူ
(ခ) ပညာအရည်အချင်းအောင်လက်မှတ်မိတ္တူမှန် (စာမေးပွဲဖြေဆိုသည့်အခါ ဘွဲ့လက် မှတ်မူရင်းတင်ပြရမည်။)
(ဂ) အသက်အထောက်အထားစိစစ်ရန် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ပြီးသူများအတွက် အောင်လက်မှတ်မိတ္တူ နှင့် တက္ကသိုလ်ဝင်တန်းမအောင်သေးသူများအတွက် ကျောင်းထောက်ခံချက်။ (ဖြေဆိုခွင့် ကတ်ပြားထုတ်ယူချိန်တွင် မူရင်းတင်ပြရ မည်။)
(ဃ) နိုင်ငံ့ဝန်ထမ်းမဟုတ်ပါက သက်တမ်းရှိ အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ။ (ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူချိန်တွင် မူရင်းတင်ပြရမည်။)
(င) လျှောက်လွှာပိတ်ရက်မတိုင်မီ (၁)လအတွင်း ရိုက်ကူးထားသော ရောင်စုံပတ်စ်ပို့ အရွယ် ဓာတ်ပုံ(၅)ပုံ။ (နောက်ကျောတွင် အမည်နှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား အမှတ်ရေးသား ဖော်ပြရမည်။)
(စ) လျှောက်လွှာပိတ်ရက် မတိုင်မီ (၂) လအတွင်း ပြုလုပ်ထားသော အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက်နှင့် ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာ ရဲစခန်း၏ ထောက်ခံချက် မူရင်း။
(ဆ) ဝန်ထမ်းအဖြစ်လုပ်ကိုင်ခဲ့ဖူးလျှင် အပြစ်ပေးအရေးယူခံရခြင်း မရှိကြောင်း ကိုယ်တိုင် ဝန်ခံချက်။
၅။ လျှောက်လွှာများကို မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ရုံးအမှတ်(၄၄)၊ နေပြည်တော် သို့ ၁၀.၁၂.၂၀၂၁ ရက်နေ့ (လျှောက်လွှာပိတ်ရက်) ရုံးချိန်အရောက် နောက်ဆုံးထား၍ ပေးပို့ရပါမည်။ လျှောက်လွှာများအား စာတိုက်မှဖြစ်စေ၊ လူကြုံဖြင့်ဖြစ်စေ ပေးပို့လျှောက်ထားနိုင်သည်။ သတ်မှတ် ထားသည့် စာရွက်စာတမ်းမပြည့်စုံခြင်းနှင့် သတ်မှတ်ရက်ထက် နောက်ကျရောက်ရှိသည့် လျှောက်လွှာများကို လက်ခံစဉ်းစားမည် မဟုတ်ပါ။
၆။ ဝန်ထမ်းဖြစ်ပါက လျှောက်လွှာနှင့်အထောက်ထားများကို သက်ဆိုင်ရာဌာနမှတဆင့် မြန်မာ့ ရေနံဓာတုဗေဒလုပ်ငန်း ရုံးအမှတ်(၄၄)၊ နေပြည်တော်သို့ ၁၅.၁၂.၂၀၂၁ ရက်နေ့ နောက်ဆုံး ထားပေးပို့ရန်နှင့် ကြိုတင်လျှောက်လွှာ(၁)စောင်ကို ၁၀.၁၂.၂၀၂၁ ရက်နေ့ နောက်ဆုံးထားပေး ပို့ရမည်။
၇။ လစာနှုန်း ၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ တန်းနှင့် လစာနှုန်း ၁၈၀၀၀ဝိ-၂၀၀ဝိ-
၁၉၀၀၀ဝိ တန်းသို့ လျှောက်ထားသူများအတွက် ရေးဖြေစစ်ဆေးခြင်းကို လက်ရှိ COVID-19 ကန့်သတ် ချက်များအရ အောက်ဖော်ပြပါစာစစ်ဌာနများတွင် တစ်ပြိုင်တည်းပြုလုပ်မည်ဖြစ်ပါ၍ မိမိတို့ဖြေဆိုလို သည့် စာဖြေဌာန(၁)ခုကို လျှောက်လွှာတွင် ဖော်ပြရမည်ဖြစ်ပြီး အဆိုပြုသည့်စာစစ်ဌာနတွင်သာ ဖြေဆိုခွင့် ပြုမည်ဖြစ်ပါသည်-
(က) လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဗဟိုသင်တန်းကျောင်း ၊ နေပြည်တော်
(ခ) အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)၊ဗဟိုသင်တန်းကျောင်း၊ရန်ကုန်တိုင်းဒေသကြီး
(ဂ) ရေနံဓာတုဗေဒစက်ရုံစု၊ အထက်မင်းလှမြို့နယ် ၊ မကွေးတိုင်းဒေသကြီး
(ဃ) အမှတ်(၄)ဓာတ်မြေသြဇာစက်ရုံ(မြောင်းတကာ) ၊ ရန်ကုန်တိုင်းဒေသကြီး
(င) အမှတ်(၅)ဓာတ်မြေသြဇာစက်ရုံ(ကန်ကြီးထောင့်) ၊ ဧရာဝတီတိုင်းဒေသကြီး
၈။ ဖြေဆိုခွင့်ရရှိသူ အမည်စာရင်းအား အထက်ပါ Website >> ၊ Facebook Page >> တို့တွင် ကြိုတင်ကြေညာပေးသွားမည်ဖြစ်ပြီး ဖြေဆိုခွင့်ကတ်ပြားများကို ၂၂-၁၂-၂၀၂၁ ရက်နေ့နှင့် ၂၃-၁၂-၂၀၂၁ နေ့တို့တွင် အထက်ဖော်ပြပါစာစစ်ဌာနများ၌ ရုံးချိန်အတွင်း ထုတ်ပေးမည်ဖြစ်ပါ၍ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အတူ ကာယကံရှင်ကိုယ်တိုင် လာရောက်ထုတ်ယူရမည်ဖြစ်ပါသည်။ ရေးဖြေစာမေးပွဲစစ်ဆေးခြင်းကို ၂၆-၁၂-၂၀၂၁ ရက်နေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီအထိ အင်္ဂလိပ်စာ ကိုလည်းကောင်း၊ ၁၃: ၀၀ နာရီမှ ၁၄: ၀၀ နာရီထိ အထွေထွေဗဟုသုတကိုလည်းကောင်း ဖြေဆိုရ မည်ဖြစ်ပါသည်။ ရေးဖြေအောင်မြင်သူများကိုသာ ဖြေဆိုခဲ့သည့် စာစစ်ဌာနများ၌ ဆက်လက်၍ လူတွေ့စစ်ဆေးသွားမည်ဖြစ်ပြီး အောင်မြင်သူများစာရင်းနှင့် လူတွေ့ဖြေဆိုရမည့် နေ့ရက်/ အချိန် တို့ကို ဖြေဆိုခဲ့သည့် စာစစ်ဌာနနှင့် ဖော်ပြပါ Website >> ၊ Facebook Page >>တို့တွင် ထုတ်ပြန် ကြေငြာသွားမည်ဖြစ်ပါသည်။
၉။ လစာနှုန်း ၁၆၂၀၀ဝိ-၂၀၀ဝိ-၁၇၂၀၀ဝိ တန်းနှင့် လစာနှုန်း ၁၄၄၀၀ဝိ-၂၀၀ဝိ-၁၅၄၀၀ဝိ တန်း ရာထူး များသို့ လျှောက်ထားသူများအား လက်တွေ့နှင့် လူတွေ့စစ်ဆေးခြင်းကို ဖော်ပြပါစာစစ်ဌာနများ အနက်မှ အဆိုပြုသည့် စာစစ်ဌာနတွင် ပြုလုပ်သွားမည်ဖြစ်ပြီး ပြုလုပ်မည့်အစီအစဉ်ကို ထပ်မံ အကြောင်းကြားမည်ဖြစ်ပါသည်။
၁၀။ အသေးစိတ်သိရှိလိုပါက မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ဖုန်းနံပါတ် ၀၆၇-၃၄၁၁၁၂၂/ ၃၄၁၁၁၇၁/ ၃၄၁၁၃၄၉ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန