The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၊ Microsoft Office (Excel) ကွန်ပျူတာ ကျွမ်းကျင်မှု သင်တန်း အမှတ်စဉ် (၂) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်

၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၂၆) ရက်

               လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၊ Microsoft Office (Excel) ကွန်ပျူတာကျွမ်းကျင်မှုသင်တန်း ဆင်းပွဲ အခမ်းအနားကို ၂၀၂၁ ခုနှစ် ၊ နိုဝင်ဘာလ ( ၂၆ ) ရက်နေ့ ၊ နံနက် ( ၉:၃၀ ) နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၊ နေပြည်တော် ဗဟိုသင်တန်းကျောင်း၌   Covid- 19  ကာကွယ်ရေးနည်း စနစ်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။

               အဆိုပါအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ အမြဲတမ်းအတွင်းဝန် ၊ ညွှန်ကြားရေးမှူးချုပ်များ ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနအကြီးအကဲများ ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူ/သင်တန်းသားများ တက်ရောက်ကြပါသည်။

               ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်းအမှာစကားပြောကြားရာ၌ ယနေ့ခေတ် တွင် အသိပညာအခြေပြု (Knowledge Based) ဝန်ထမ်းကောင်းများ ရရှိရေးသည်လည်း မရှိမဖြစ် အလေးထား ဆောင်ရွက်ရမည့် လုပ်ငန်းရပ်ဖြစ်ပါကြောင်း ၊ ယခု သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်သည် ဝန်ထမ်းများအသိပညာ ၊ အတတ်ပညာ တိုးပွားစေရန်အတွက် အရည်အချင်းမြှင့် သင်တန်းများဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ၊ သို့မှသာ ဝန်ကြီးဌာနအတွက် အထောက်အကူပြုနိုင်မည့် ဝန်ထမ်းကောင်းများ ပေါ်ပေါက်လာနိုင်မှာ ဖြစ်ကြောင်း၊ ဝန်ထမ်းကောင်းဆိုသည်မှာ အသိပညာ၊ အတက်ပညာ ပြည့်စုံမှုအပြင် နိုင်ငံတော်နှင့် နိုင်ငံသားတို့အပေါ် သစ္စာစောင့်သိသူများကို ဆိုလိုခြင်း ဖြစ်ကြောင်း ၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူတစ်ဦးချင်းတစ်ယောက်ချင်း ၊ အဖွဲ့အစည်းများ အလိုက် လူ့စွမ်းအား အရင်းအမြစ် ( Human Resources Development- HRD )သည် အခြေခံ အကျဆုံးနှင့် အရေးကြီး လိုအပ်ချက်ဖြစ်ကြောင်း ၊ နိုင်ငံတော်အစိုးရအနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုအား အလေးထား ဆောင်ရွက်လျက်ရှိနေသည်ကို တက်ရောက်လာကြသည့် ဌာနအကြီးအကဲ များ ၊ အရာထမ်းများနှင့် သင်တန်းသူ ၊ သင်တန်းသား အားလုံးလည်း သိရှိလိမ့်မည်ဖြစ်ပါကြောင်း ၊ ဝန်ထမ်းများအနေနှင့်လည်း Microsoft Office ( Excel ) ကွန်ပျူတာ  ကျွမ်းကျင်မှုသင်တန်းတွင် သင်ကြားပေးလိုက်သည့် ဘာသာရပ်များအား လုပ်ငန်းခွင်တွင် အကျိုးရှိရှိအသုံးချပြီး ၊ ဆက်လက် ကြိုးစားလေ့လာ ဆည်းပူးသွားကြရန်နှင့် မိမိတို့၏ ရှိပြီးသားအရည်အသွေးများအား ပိုမိုတိုးတက် စေရန် ရုံးလုပ်ငန်း တာဝန်များအား (IT) နည်းပညာများ အသုံးပြု၍ ထိရောက်မြန်ဆန်အောင် အကောင် အထည်ဖော် ဆောင်ရွက်ကြရန် လိုပါကြောင်း ၊ သင်တန်းသားများအနေဖြင့်လည်း ပေးအပ်လာသည့် တာဝန်နှင့် ဝတ္တရားများအား အရည်အသွေးပြည့်ပြည့်ဝဝဖြင့် ထမ်းဆောင်သွားနိုင်ရန် ၊ မိမိတို့ တတ်သိ ထားသည့် ( IT ) နည်းပညာရပ်များအား လက်ဆင့်ကမ်း သယ်ဆောင်သွားကြရန်နှင့်  နိုင်ငံတော်နှင့် ဝန်ကြီးဌာနအတွက်  အားကိုးအားထားပြုနိုင်သည့် သီလ ၊ သမာဓိ ၊ ပညာနှင့် ပြည့်စုံသော ဝန်ထမ်းကောင်းများဖြစ်ရေး ဝိုင်းဝန်းကြိုးစားကြရန် ပြောကြားခဲ့ပါသည်။

         ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက သင်တန်းတွင် ထူးချွန်ဆု ရရှိခဲ့သည့် သင်တန်းသားများအား ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပြီး အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်က  သင်တန်းနည်းပြ များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ အသီးသီး ပေးအပ်ခဲ့ပါသည်။ အစီအစဉ်အရ ဆုရရှိသည့်သင်တန်းသားများမှ သင်ကြားပေးလိုက်သည့် Microsoft Office ( Excel ) ကွန်ပျူတာဘာသာရပ်နှင့်ပက်သက်၍ Power Point Presentation  ဖြင့် ရှင်းလင်း တင်ပြခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
26-Nov-2021