The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စွမ်းအင်ကဏ္ဍဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

၂၀၂၁ ခုနှစ်၊  ဒီဇင်ဘာလ  (၁၇) ရက်

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စွမ်းအင်ကဏ္ဍဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီ အချိန်တွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ ဦးစီးဌာနနှင့် လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲ များ၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ အမှတ်(၁) ရေနံချက်စက်ရုံ (သန်လျင်) စက်ရုံမှူးနှင့် တာဝန်ရှိသူ များ ၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ညွှန်ကြားရေးမှူးများနှင့် အထွေထွေမန်နေဂျာများ တက်ရောက်ကြပါသည်။

ရှေးဦးစွာ သန်လျင်ရေနံချက်စက်ရုံနှင့် စက်ဆီချောဆီစက်ရုံတို့အား ပြန်လည် လည်ပတ် နိုင်ရေးအတွက် နိုင်ငံတော်အကြီးအကဲမှ လမ်းညွှန်ချက်များအပေါ် အကောင်အထည်ဖော် ပြီးစီးမှုနှင့် ပတ်သက်၍ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အမှတ်(၁)ရေနံချက်စက်ရုံ (သန်လျင်) စက်ရုံမှူးတို့က စက်ရုံအဆောက်အဦ၊ စက်ပစ္စည်းများ ပြင်ဆင်ထိန်းသိမ်းမှု အခြေအနေ တို့ကိုလည်းကောင်း၊ ၁၉၂၅ခုနှစ်တွင် တည်ဆောက်ခဲ့သည့် သန်လျင်ရေနံချက်စက်ရုံ အဆောက်အဦ ပြင်ဆင်ထိန်းသိမ်းမှုနှင့် ဧည့်ရိပ်သာ Club House ပတ်ဝန်းကျင် ရှင်းလင်းဆောင်ရွက်ထားမှု အခြေ အနေ၊ စက်ဆီချောဆီ စက်ရုံနှင့် ဆိပ်ခံတံတား ပြင်ဆင်မှု အခြေအနေ၊ လေယာဉ်ဆီသိုလှောင်ကန် နှင့် ပိုက်လိုင်းများ ပြုပြင်နေမှုအခြေအနေ၊ စက်ဆီချောဆီထုတ်လုပ်သိုလှောင်နိုင်ရန်အတွက် သိုလှောင်ကန်နှင့် Filling Machines များ တပ်ဆင် ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းအတွက် လိုအပ်သော စက်သုံးဆီ၊ စက်ဆီချောဆီများကို ဖြည့်ဆည်းနိုင်ရေး နည်းလမ်းပေါင်းစုံ စဉ်းစား၍ ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် စက်ရုံပြင်ဆင် လည်ပတ်၍ ပြည်တွင်း၌ လိုအပ်သော ကတ္တရာများ ထုတ်လုပ်နိုင်သည်အထိ ဆောင်ရွက်ရန် လိုအပ် သဖြင့် စိတ်ဝင်စားသော အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း၍ အကောင်အထည်ဖော်ကြရန် ဖြစ်ကြောင်း၊ စက်ဆီချောဆီစက်ရုံမှ Mono Grade ချောဆီများ အမြန်ထုတ်လုပ်၍ လိုအပ်လျက်ရှိ နေသော ဝန်ကြီးဌာနများသို့ အမြန်ဆုံးဖြန့်ဖြူး ပေးနိုင်ရေး ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ထို့ပြင် Multi Grade ထုတ်လုပ်နိုင်ရေး စက်ပစ္စည်း၊ ဓာတ်ခွဲခန်းသုံးပစ္စည်းနှင့် နည်းပညာလိုအပ်ချက်များကို စဉ်းစားထားပြီး စီမံချက်ကို အမြန်ပြုစု တင်ပြရန်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်သည့်အပြင် ပြင်ပပုဂ္ဂလိက ဝယ်ယူသူများ အရည်အသွေးနှင့် သင်တော်သည့် ဈေးနှုန်း ကို ကြိုက်နှစ်သက်ပြီး ဝယ်ယူအားပေးလာကြစေရန် ထုတ်ပိုးမှုစနစ်နှင့် ဝန်ဆောင်မှုစနစ်တို့ကို ပြောင်းလဲကာ Business  ပုံစံအသစ်ဖြင့်  တီထွင်ဆန်းသစ်ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်)စက်ရုံဝင်းအတွင်းရှိ ပေါ်တူဂီဘုရားကျောင်း၊ရုံးအဆောက်အဦ၊ဧည့်ရိပ်သာ နှင့် အရာထမ်းအိမ်ရာတို့သည် သမိုင်းဝင်အဆောက်အဦများဖြစ်သဖြင့် ရှေးမှုမပျက် ပြင်ဆင် မွမ်းမံခြင်း၊ ဆေးသုတ်ခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ထိန်းသိမ်းပြုပြင်မှုနှင့် ပုံမှန်သန့်ရှင်း သာယာရေးကို ဆောင်ရွက်ရန် လိုအပ်ပါကြောင်း မှာကြားခဲ့ပါသည်။

         ဆက်လက်၍ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း လက်အောက်ရှိ သာကေတ ကမ်းလွန် အခြေစိုက်စခန်းအတွင်း ဆိပ်ကမ်း၊ ရုံးအဆောက်အဦး၊ ပစ္စည်းစုပုံစခန်း၊ သ‌င်္ဘောကျင်းများ ပြုပြင် မွမ်းမံမှုများနှင့် လူမှုရေးတာဝန်သိမှု လုပ်ငန်းဆောင်ရွက်မှုကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက တင်ပြရာ  ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းသုံးရေယာဉ်များ သတ်မှတ်စည်းကမ်းချက်နှင့် ကိုက်ညီအောင် ပြုပြင်မွမ်းမံရေး၊ ပစ္စည်းစုပုံ စခန်းများနှင့် ဂိုထောင်များအား အဆင့်မြှင့်တင်ရေး၊ ဌာန၏ လူမှုရေးတာဝန်သိမှု ဆောင်ရွက်မှု များကို သက်ဆိုင်ရာဒေသနေ ပြည်သူများသိရှိပြီး ထိရောက်စွာ အသုံးပြုရေး၊ ပစ္စည်းများ စနစ်တကျ ထိန်းသိမ်းသိုလှောင်ရေးနှင့် မီးဘေးအန္တရာယ် ဂရုပြုရေးတို့ကို လမ်းညွှန်မှာကြားခဲ့ပြီး စက်ရုံအတွင်း လုပ်ငန်းဆောင်ရွက်မှုနှင့် ကမ်းလွန်အခြေစိုက်စခန်းတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
17-Dec-2021