၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ဓာတ်မြေဩဇာစက်ရုံများနှင့် ရေနံချက်စက်ရုံများကို ပြုပြင်မွမ်းမံခြင်း၊ ကာလရှည်ငှားရမ်းခြင်းနှင့် စက်ရုံအသစ်တည်ဆောက် ခြင်းလုပ်ငန်းများကို တင်ဒါခေါ်ယူဆောင်ရွက်ရန်အတွက် လိုအပ်သည့် နည်းပညာပိုင်း၊ ငွေကြေး ပိုင်း၊ ဥပဒေပိုင်းဆိုင်ရာ အတွေ့အကြုံနှင့်အရည်အချင်း ပြည့်စုံသော နိုင်ငံတကာအဆင့် အကြံပေး ပုဂ္ဂိုလ်/ အဖွဲ့ ငှားရမ်းဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest-EOI) တင်ပြရန် စိတ်ဝင်စားသည့် အကြံပေးပုဂ္ဂိုလ်/ အဖွဲ့ များမှ မေးမြန်းလိုသည့်အချက်များအား Video Conferencing ဖြင့်အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ရှင်းလင်းပြောကြားမည်ဖြစ်ပါသည်-
ရှင်းလင်းပြောကြားမည့် နေ့ရက် : ၁၈-၁-၂၀၂၂ ရက် (အင်္ဂါနေ့)
ရှင်းလင်းပြောကြားမည့် အချိန် : ၁၃ : ၀၀ နာရီ
ရှင်းလင်းပြောကြားမည့် နေရာ : အစည်းအဝေးခန်းမ(၁)၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ်( ၆ )၊ နေပြည်တော်
၂။ သို့ဖြစ်ပါ၍ တက်ရောက်လိုသည့် စိတ်ဝင်စားသော အကြံပေးပုဂ္ဂိုလ်/ အဖွဲ့ များ အနေဖြင့် Email: oilandgasplanningdepartment@gmail.com သို့ ကြိုတင် သတင်းပေး ကြပါရန် အသိပေးကြေညာအပ်ပါသည်။