The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လူတွေ့စစ်ဆေးခြင်း ဖြေဆိုခွင့်ရရှိသူများစာရင်း ထုတ်ပြန်ကြေညာခြင်း

၁။      လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းတွင် အသစ်ခေါ်ယူခန့် ထားမည့် လစာနှုန်း ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀တန်း ဓာတ်ခွဲခန်းကျွမ်းကျင်(၄)၊ စာရင်းကိုင်(၄)၊ အငယ်တန်းစာရေး ရာထူးနေရာများတွင် ခန့်ထားနိုင်ရေးအတွက် ၁၉-၁၂-၂၀၂၁ ရက် (တနင်္ဂနွေနေ့)၌ ကျင်းပပြုလုပ်ခဲ့သည့် အရည်အချင်းစစ်ရေးဖြေစာမေးပွဲကို ဖြေဆိုအောင်မြင်ပြီး လူတွေ့စစ်ဆေးခြင်း ဖြေဆိုခွင့်ရရှိသူများ၏အမည်စာရင်းအား ပူးတွဲပါအတိုင်း ထုတ်ပြန်ကြေညာလိုက်သည်။

၂။       လူတွေ့စစ်ဆေးခြင်းဖြေဆိုခွင့်ရရှိသူများအနက် နေပြည်တော်စာစစ်ဌာနတွင် ဖြေဆိုခဲ့သည့်သူ များအား လူတွေ့စစ်ဆေးခြင်းကို မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ရုံးအမှတ်(၄၄)၊ နေပြည်တော် တွင် အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်-

စဉ်

ရာထူး

ဦးရေ

လူတွေ့ဖြေဆိုရမည့် နေ့ရက်၊ အချိန်

(က)

စာရင်းကိုင်(၄)

 ၅

၂၃-၁-၂၀၂၂ရက် (တနင်္ဂနွေနေ့)၊ (၁၃:၀၀)နာရီ

(ခ)

အငယ်တန်းစာရေး

၁၇

၃။      သာကေတစာစစ်ဌာန၊ ပြည်ရေနံမြေစာစစ်ဌာန၊ မန်းရေနံမြေစာစစ်ဌာနနှင့် ချောက်ရေနံမြေ စာစစ်ဌာနတို့တွင် ရေးဖြေစာမေးပွဲဖြေဆိုအောင်မြင်၍ လူတွေ့စစ်ဆေးခြင်း ဖြေဆိုခွင့်ရရှိသူများသည် ၂၃-၁-၂၀၂၂ ရက် (တနင်္ဂနွေနေ့) ၁၃:၀၀ နာရီအရောက် သက်ဆိုင်ရာစာစစ်ဌာနများသို့ သတင်းပေးပို့ သွားရန် ဖြစ်ပါသည်။

၄။      ထိုသို့ လူတွေ့ဖြေဆိုရန်လာရောက်သည့်အချိန်တွင် အောက်ဖော်ပြပါစာရွက်စာတမ်း(မူရင်း)များ မပျက်မကွက်  ယူဆောင်လာရမည်ဖြစ်ပါသည်-

             (က)    နိုင်ငံသားစိစစ်ရေးကဒ်ပြား

             (ခ)     တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်

(ဂ)     ဘွဲ့လက်မှတ်

(ဃ)    စာရင်းကိုင်(၄)ရာထူးများအတွက် ဘဏ္ဍာရေးဆိုင်ရာ/ကွန်ပျူတာ အောင်လက်မှတ်

(င)     အငယ်တန်းစာရေးရာထူးများအတွက် ကွန်ပျူတာအောင်လက်မှတ်

၅။      အသေးစိတ်သိရှိလိုပါက မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ အထွေထွေစီမံခန့်ခွဲရေးဌာန၊ ဖုန်းနံပါတ် ၀၆၇-၃၄၁၁၃၃၉ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

 

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း

Post under by : မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)
19-Jan-2022