The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မြန်မာသက္ကရာဇ် ၁၃၈၄ ခု နှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနစုပေါင်းငါးလွှတ်ပွဲ မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

            ၂၀၂၂ ခုနှစ်၊ ဧပြီလ (  ၁၇     ) ရက်

       လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဇီဝိတဒါနစုပေါင်းငါးလွှတ်ပွဲ မင်္ဂလာအခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် နှစ်ဆန်း (၁) ရက် (ဧပြီလ ၁၇ ရက်) နံနက် ၉ နာရီ၌ နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန နေပြည်တော် ဗဟိုသင်တန်းကျောင်း၊   ရာသီသီးနှံစိုက်ခင်း ငါးကန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

        အဆိုပါ ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးသန့်စင်နှင့်ဇနီး၊ ပြည်ထောင်စု ဝန်ကြီးရုံး၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပါသည်။   

     ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးသန့်စင်နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများတို့က  ငါးသားပေါက် ငါးကောင်ရေ (၅၀၀၀) တို့အား နေပြည်တော်ဗဟိုသင်တန်းကျောင်း၊ ရာသီသီးနှံစိုက်ခင်း ငါးကန်အတွင်းသို့ ဇီဝိတဒါန၊ အဘယဒါန၊ အာယုဒါန ကုသိုလ်မင်္ဂလာများပြု၍ ငါးများအား တပျော်တပါး စုပေါင်း ဘေးမဲ့လွှတ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
18-Apr-2022