The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၂၀၂၂ ခုနှစ် ပြည်ထောင်စုဝန်ကြီးဖလား မိုးရာသီအားကစားပြိုင်ပွဲများ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ  ၁၇  ရက်

             လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၂၀၂၂ ခုနှစ် ပြည်ထောင်စုဝန်ကြီးဖလား မိုးရာသီ အားကစား ပြိုင်ပွဲများ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီ အချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ မိုးလုံလေလုံအားကစား (A) ရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

             အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ပြည်ထောင်စု ဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာန အကြီးအကဲများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ကြပါသည်။

             ရှေးဦးစွာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က အမှာစကားပြောကြားရာ၌ ပြည်ထောင်စုဝန်ကြီးဖလား မိုးရာသီအားကစား ပြိုင်ပွဲ များကို ကျင်းပပေးရခြင်းသည် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်းလာရေးအတွက် ကျင်းပခြင်းဖြစ်ပြီး မကြာခင်တွင်ကျင်းပပြုလုပ်မည့် နိုင်ငံတော်ဝန်ကြီးချုပ်ဖလား ဘောလုံး(အမျိုးသား) ပြိုင်ပွဲ၊ ဘော်လီဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲတို့တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ကိုယ်စားပြုအသင်းများ အနေဖြင့် အရည်အသွေးရှိရှိ၊ အဆင့်အတန်းမီမီ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် အားကစားသမားများ ရွေးချယ် ဖွဲ့စည်းသွားမည်ဖြစ်ပြီး ဝန်ထမ်းမိသားစုအချင်းချင်း စည်းလုံး ညီညွတ်စွာနှင့် ရင်းနှီးပျော်ရွှင်စေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ပွဲစဉ်တစ်လျှောက် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အသင်းများ အနေဖြင့် အားကစားစိတ်ဓာတ် အပြည့်ဖြင့် ယှဉ်ပြိုင်ကြသဖြင့် ချစ်ကြည်ရင်းနှီးမှုရရှိပြီး မျိုးချစ် စိတ်ဓာတ် ရှင်သန်ထက်မြက်မှုရရှိလာစေရေး၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်လာစေရေး၊ မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာစေရေးစသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ပြီး ဝန်ကြီးဌာနပေါင်းစုံအားကစားပြိုင်ပွဲများတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ဂုဏ်ဆောင်နိုင်ရေး အလေးအနက်ထားပြီး ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဌာနအသီးသီးက ပြိုင်ပွဲဝင် အားကစားသမားများသည် မိမိတို့ကိုယ်စားပြု ယှဉ်ပြိုင်သည့်အသင်း အောင်နိုင်ရေးအတွက် မိမိတို့၏အစွမ်းအစ အရည်အသွေးများကို အစွမ်းကုန်ဖော်ထုတ် ပြသတာကို တွေ့ရှိရပါကြောင်း၊ အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် အနိုင်မခံအရှုံးမပေးဘဲ အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်သွား တာကိုတွေ့ရလို့ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် ယခုပြိုင်ပွဲမှတဆင့် ဝန်ကြီးဌာန လက်ရွေးစင် အသင်း ထိုမှတဆင့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ဖြစ်လာအောင်လည်း ကြိုးစား သွားကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

             ထို့နောက် ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များက ပြည်ထောင်စုဝန်ကြီးဖလား ဘောလုံး(အမျိုးသား) ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဘော်လီဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲတို့တွင် တတိယဆုရရှိသည့်အသင်းနှင့် ဒုတိယဆုရရှိသည့် အသင်း များအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ဘောလုံး(အမျိုးသား)ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန အသင်းအား ဆုပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ၎င်းနောက် လျှပ်စစ် စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးသောင်းဟန်က ပြည်ထောင်စု ဝန်ကြီးဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန အသင်းအားလည်းကောင်း၊ ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲတွင် ပထမဆု ရရှိသည့် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနအသင်းအားလည်းကောင်း၊ ဘော်လီဘော (အမျိုးသမီး) ပြိုင်ပွဲတွင် ပထမဆုရရှိသည့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူရေးလုပ်ငန်းအသင်းအား လည်းကောင်း၊ ဘောလုံး(အမျိုးသား)ပြိုင်ပွဲတွင် ပထမဆုရရှိသည့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်း အသင်းတို့အားလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား မိုးရာသီ အားကစားပြိုင်ပွဲများ ဖြစ်သော ဘောလုံး (အမျိုးသား) ပြိုင်ပွဲကို  အသင်း (၆) သင်းဖြင့်လည်းကောင်း ၊ ဘော်လီဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲကို အသင်း (၄)သင်းဖြင့်လည်းကောင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲအား အသင်း(၆)သင်းဖြင့်လည်းကောင်း ယှဉ်ပြိုင် ကစားခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
17-Jul-2022