The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်စွမ်းအားလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (  ၄ ) ရက်

 

ယခုလ (၄) ရက်နေ့၊ နံနက်ပိုင်း၌ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် အဆင့်မြင့်အရာရှိများ လိုက်ပါလျက် ရန်ကုန်မြို့၊ Junction Square ရှိ တပ်ဆင်ပြီး စွမ်းအား ၃၇၂ ကီလိုဝပ်နှင့် တပ်ဆင်ဆဲ စွမ်းအား ၆၁.၅၆ ကီလိဝပ်ရှိသည့် Rooftop Solar Photovoltaic (PV) System များအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ရန်ကုန်လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းမှ အမှုဆောင် အရာရှိချုပ် ဦးကျော်သူနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးမျိုးဝင်းတို့က ဖြည့်စွက်ရှင်းလင်း တင်ပြကြသည်။

            တင်ပြမှုအပေါ် ဒုတိယဝန်ကြီးက  နိုင်ငံတော်နှင့် ပြည်သူများအတွက် Sustainable Future ကို အဓိကရည်ရွယ် ဆောင်ရွက်လျက်ရှိရာတွင် မြို့ပြဒေသရှိ Smart City များအတွက် နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစနစ်များအား တပ်ဆင်အသုံးပြုခြင်း သည် အခရာကျလျက်ရှိကြောင်း၊ Rooftop Solar PV System များ အသုံးပြုခြင်းဖြင့် အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများအား ဖွံ့ဖြိုးတိုးတက်စေခြင်းနှင့် အခြား အကျိုးကျေးဇူးများကို ရရှိနိုင်ကြောင်း၊ လျှပ်စစ်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးများ၊ သတ်မှတ် အရည်အသွေး၊ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန်လိုကြောင်း မှာကြားသည်။

            ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ Supervisory Control and Data Acquisition (SCADA) ထိန်းချုပ်ခန်းသို့ ရောက်ရှိရာ ညွှန်ကြားရေးမှူး ဦးအောင်သူရဝင်းက ရှင်းလင်းတင်ပြပြီး  လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးထောင်းဇိုခိုင်က ဖြည့်စွက်ရှင်းလင်း တင်ပြသည်။

            တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ပြည်သူများမှ တည်ငြိမ်ပြည့်ဝသော လျှပ်စစ်ဓာတ်အားကို ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ရေး Grid Stability နှင့် Resilience တို့ကို မြှင့်တင်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကွန်ရက်လုံခြုံရေး အဆင့်မြှင့်တင် ရမည်ဖြစ်ကြောင်း၊ ထိန်းချုပ်ခန်း ရေရှည်တည်တံ့ရေး စဉ်ဆက်မပြတ် ဆောင်ရွက်ရန် မှာကြားပြီး ဝန်ထမ်းများအား အမှတ်တရ သစ်သီးခြင်းနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး ရန်ကုန်ဓာတ်အားဖြန့်ဖြူးရေးကွန်ရက်ထိန်းချုပ်ခန်းသို့ ရောက်ရှိရာ Advanced Distribution Management System (ADMS) စနစ်ဖြင့် ထိန်းချုပ်မောင်းနှင်နေမှုတို့အား ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ လက်ထောက်အထွေထွေမန်နေဂျာ ဒေါ်သင်းသင်းလှိုင်က ရှင်းလင်းတင်ပြသည်။

            တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက SCADA-ADMS စနစ်၏ ကောင်းကျိုးနှင့် အားသာချက်များကို အသုံးချဆောင်ရွက်ရန်၊ မြေပြင်နှင့် တစ်ပြေးညီ အချက်အလက် ဆောလျင်စွာ သိရှိနိုင်မှု၊ ထိန်းချုပ်နိုင်မှုတို့ဖြင့် ဓာတ်အားကွန်ရက်အား စနစ်တကျ မောင်းနှင်ရန်၊ Product Server တွင် စောင့်ကြည့်ထိန်းချုပ်မှု လုပ်ငန်းဆောင်ရွက်နေသကဲ့သို့ Training Server တွင် Analysis ၊ Modeling ၊ Simulation စသော သုတေသနလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် မှာကြားသည်။

            ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် Advanced Metering Infrastructure (AMI) ထိန်းချုပ်ခန်းသို့ ရောက်ရှိရာ Ever Meter ကုမ္ပဏီ ဥက္ကဋ္ဌ ဦးမျိုးအောင်က Data Server များခွဲ၍ AMI စနစ် ဆောင်ရွက်မှု အခြေအနေများနှင့် ဓာတ်အားပျောက်ဆုံးမှု သိသိသာသာ ကျဆင်းသွားကြောင်း၊ PrePaid Meter စနစ်သို့ ရောက်ရှိရန်လည်း Facilities ပြည့်စုံရန် ဆောင်ရွက်လျက်ရှိကြောင်း၊ Meter များအား Artificial Intelligence (AI) စနစ်အထိ သွားရန် ရည်ရွယ်ထားကြောင်း၊ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် AMI မီတာအရေအတွက် အများဆုံးရှိနေပြီဖြစ်ကြောင်း ရှင်းလင်းတင်ပြပါသည်။

            တင်ပြမှုအပေါ် ဒုတိယဝန်ကြီးက Data Concentrator Unit (DCU) အရေးကြီးကြောင်း၊  မီတာများတွင် Made in Myanmar ဖြင့် နိုင်ငံတကာသို့ ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်သင့်ကြောင်း၊ Myanmar Electric Bill (MEB) Software စနစ်သည်လည်း အထူးကောင်းမွန်ကြောင်း၊ PrePaid Meter စနစ်ကိုလည်း စနစ်တကျ ဆောင်ရွက်သင့်ကြောင်း၊ အရေးကြီးသည့် User Interface Unit (UIU) Specification နှင့် Time of Use (TOU) စနစ်တို့ကို ဆောင်ရွက်ရန်၊ ကိုယ်ပိုင် Electrical Network တည်ဆောက်နိုင်ရန် လိုအပ်ကြောင်း လမ်းညွှန်မှုကြားခဲ့ကြောင်း သိရသည်။

Post under by : ဝန်ကြီးရုံး
07-Oct-2022