The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

နေပြည်တော်၊ အောက်တိုဘာလ (၈) ရက်

   မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊ တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုနှင့် ဓလေ့ ထုံးတမ်းများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်သည့် နိုင်ငံတော်အဆင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည့် ပြိုင်ပွဲအခမ်းအနားဖြစ်သဖြင့် ကျင်းပစဉ် ကာလ အတွင်း တည်ငြိမ်ပြည့်ဝသော လျှပ်စစ်ဓာတ်အားများ လုံလောက်စွာ စဉ်ဆက်မပြတ် ဖြန့်ဖြူး ပေးနိုင်ရေးအတွက် ဝန်ထမ်းများက စီမံချက်အတိုင်း မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းများကို အထူးတာဝန်တစ်ရပ်အနေဖြင့် ကျေပွန်စွာ ထမ်းဆောင်ကြရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားသည်။        

   ယခုလ (၈)ရက်နေ့၊ နံနက်ပိုင်း၌ ၂၀၂၂ ခုနှစ်၊ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပစဉ်ကာလအတွင်း လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေး စီမံချက်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေ များကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် တာဝန် ရှိသူများလိုက်ပါလျက် ပြိုင်ပွဲကျင်းပပြုလုပ်မည့် နေရာများနှင့် ပြိုင်ပွဲဝင်များ တည်းခိုရာ နေရာများသို့ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးသွားမည့် ဓာတ်အားခွဲရုံများသို့ ကြည့်ရှုစစ်ဆေး စဉ် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

   ယင်းသို့ စစ်ဆေးစဉ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ နေပြည်တော် အင်ဂျင်နီယာချုပ် ဦးမိုးသက်၊ ဒုတိယအင်ဂျင်နီယာချုပ် ဦးဇော်မင်းထွန်းနှင့် တာဝန်ရှိသူ များက လျှပ်စစ်ဓာတ်အားပြည့်ဝစွာ စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက် ထားရှိမှုအခြေအနေများအား ဝန်အားများဖြင့် စမ်းသပ်တင်ပြကြပြီး ဦးဆောင်ညွှန်ကြား ရေးမှူး ဦးရဲတိုးသွင်က ဖြည့်စွက်ရှင်းလင်း တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ကြီးကြပ်သူ များသည် အဖွဲ့အားလုံးအား စဉ်ဆက်မပြတ် ကွပ်ကဲစစ်ဆေးသွားရန်၊ အဖွဲ့ဝင်များမှလည်း လိုအပ်သည်များအား အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်သွားရန်၊ ဓာတ်အားလိုင်း အပြောင်းအလဲရှိပါက အမြန်ဆုံးချိတ်ဆက်ဆောင်ရွက်ရန်၊ Full Load ဖြင့် စမ်းသပ်သုံးစွဲရန်၊ UPS များ၊ Battery Bank များ၊  Transformerနှင့် Switchgear Control Panelများ၊ အရန်ဓာတ်အားလိုင်းများနှင့် ဒီဇယ်မီးစက်များအား ကြံ့ခိုင်မှုကောင်းမွန်စေရေး အလေးပေး ဆောင်ရွက်ရန်၊ ဓာတ်အားဖြန့်ဖြူးမည့်နေရာများအား အမြဲမပြတ်စစ်ဆေးရန်၊ အရန်ပစ္စည်း ကိရိယာများအား အမြဲအသင့်ရှိနေစေရန်၊ လုပ်ငန်းခွင်သုံး အကာအကွယ်ဝတ်စုံများ ဝတ်ဆင် ကြရန်၊ ကိုဗစ်-၁၉ ရောဂါ စည်းကမ်းများအား လိုက်နာလျက် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး နှင့် လုံခြုံရေး အသိ၊သတိဖြင့် ဆောင်ရွက်သွားကြရန်၊ ဆက်စပ်ဌာနအဖွဲ့ အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။

Post under by : ဝန်ကြီးရုံး
10-Oct-2022