The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

တောင်ကြီး၊ ဇန်နဝါရီ (၂၅) ရက်

(ပြည်သူ့အကျိုး ဖြည့်ဆည်းပေးရေး ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း လျှပ်စစ်ဝန်ထမ်းများနှင့် တွေ့ဆုံ)

  နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်သူများအကျိုးပြုစေရေးအတွက် ပြည်နယ်အတွင်းရှိ ဓာတ်အားပေးစက်ရုံများ၊ မဟာဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ လျှပ်စစ်ရုံးများတွင် တာဝန်ကျေကျေ ကြိုးပမ်းထမ်းဆောင်နေကြသည့် လျှပ်စစ်ဝန်ထမ်းကောင်းများအား အထူးလေးစားဂုဏ်ပြုပါကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားသည်။

   ယခုလ ၂၅ ရက်နေ့၊ မွန်းလွဲပိုင်း၌ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ  ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ကျင်းပခဲ့သည့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအတွင်း ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

    ဦးစွာ ဒုတိယဝန်ကြီးက အဖွင့်အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ် (တောင်ပိုင်း)၊  ဒုတိယပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးသိန်းဝင်းက ဓာတ်အားဖြန့်ဖြူးပေးထားမှုအခြေအနေများနှင့် စပ်လျဉ်း၍ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ပြည်နယ်အတွင်းပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များအား အကျိုးရှိရှိ ထုတ်ယူသုံးစွဲနိုင်ရေး အလေထားဆောင်ရွက်ရန်၊ အသေးစားရေအားလျှပ်စစ်(Mini/Micro Hydropower)နှင့် ဆိုလာစနစ်(Solar PV Mini-grid) များအား အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ လုံခြုံရေး အသိ၊သတိဖြင့် လုပ်ငန်းများဆောင်ရွက်ကြရန်နှင့် ဓာတ်အားပျောက်ဆုံးမှုများ(Line Losses)နှင့် ဓာတ်အားလိုင်းအပြစ်(Line Fault)များ လျော့နည်းကျဆင်းစေရေး စီမံချက်အတိုင်း လိုက်နာဆောင်ရွက်ရန်၊ ဝန်ထမ်းများ အထက်အောက် မိသားစုသဖွယ် ရင်းနှီးပွင်းလင်းစွာပြောဆိုဆက်ဆံ၍ ကျန်းမာပျော်ရွှင်စွာ ပူးပေါင်းဆောင်ရွက်ကြရန်၊ ပွင့်လင်းရာသီအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဂရုပြုဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။

  ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဝန်ထမ်းများ၏ အခက်အခဲ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အမှတ်တရသစ်သီးခြင်းနှင့် ဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

Post under by : ဝန်ကြီးရုံး
26-Jan-2023