The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

          ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၂၇ ) ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ခရိုင်နှင့် မြို့နယ်များမှ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး နေ့လည်ပိုင်းတွင်  ၆၆/၁၁ ကေဗွီ သံတွဲဓာတ်အားခွဲရုံသို့သွားရောက်ပြီး ဓာတ်အားဖြန့်ဖြူးမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ရှေးဦးစွာ သံတွဲခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးတင်မြင့်အေးက သံတွဲခရိုင်အတွင်း မြို့နယ်အလိုက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေ အား ရှင်းလင်းတင်ပြပြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဒုတိယအင်ဂျင်နီယာချုပ် ဦးကျော်လှိုင်ဝင်း က ဖြည့်စွက်ရှင်းလင်းတင်ပြရာ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက နောင်တွင် တိုးတက်သုံးစွဲလာမည့် ဓာတ်အားလိုအပ်ချက်များကို ကြိုတင်တွက်ချက်၍ ဓာတ်အားဖြန့်ဖြူးမှု စနစ်ကို စီမံဆောင်ရွက်ထားရန်၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေး၊ ဓာတ်အားခများကို စနစ်တကျကောက်ခံရရှိရေး ဓာတ်အားပြတ်တောက်မှုလျော့နည်းစေရေး အလေးထားဆောင်ရွက် သွားရန်၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး လုပ်ငန်းတာဝန်များကို လုံခြုံရေးအသိ၊ သတိဖြင့် ဝန်ထမ်းများအားလုံးစည်းလုံး ညီညွှတ်စွာ ပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါသည်။ 

   ထို့နောက် ဒုတိယဝန်ကြီးသည် သံတွဲမြို့နှင့် အနီးပတ်ဝန်းကျင်ဒေသများသို့ ဓာတ်အား ဖြန့်ဖြူးပေးနေသည့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ၆၆/၁၁ ကေဗွီ၊   ၂၀ အမ်ဗွီအေ၊ သံတွဲ (နန်းချောင်း) ဓာတ်အားခွဲရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ဓာတ်အားခွဲရုံမှူးက ဓာတ်အားခွဲရုံ ဆွိယာဒ်အတွင်းရှိ ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများအား လိုက်လံရှင်းလင်း တင်ပြရာ ဒုတိယဝန်ကြီးက ဓာတ်အားခွဲရုံထိန်းသိမ်းပြုပြင်မှုကိုပုံမှန်ဆောင်ရွက်ရန် နှင့် ဓာတ်အားခွဲရုံ အတွင်း ရေစီးရေလာ ကောင်းမွန်စေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

Post under by : ဝန်ကြီးရုံး
27-Feb-2023