The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၁ ) ရက်

 

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် နိုင်ငံအတွင်း နှစ်စဉ်တိုးတက်သုံးစွဲလာသည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရေးအတွက် လျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်း လုပ်ငန်းစဉ်များကို ကာလတို၊ ကာလလတ်နှင့် ကာလရှည် စီမံကိန်းများဖြင့် အဆင့်ဆင့်လျာထားစီစဉ်ဆောင်ရွက်လျက် ရှိရာ အဆိုပါလျာထား စီမံကိန်းများအနက်မှ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ မိုင်းခုတ်ဒေသတွင် တည်ဆောက်လျက်ရှိသည့် ၆၆/၁၁ ကေဗွီ(၁၀)အမ်ဗွီအေ မိုင်းခုတ် ဓာတ်အားခွဲရုံ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့် အပူစွမ်းအင် သုံးဓာတ်အားပေးစက်ရုံ စီမံကိန်းတည်ဆောက်မည့် နေရာတို့အား လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် တြိဂံဒေသ တိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းမြတ်ရွှေနှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့၊ နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

   ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၆၆/၁၁ ကေဗွီ(၁၀)အမ်ဗွီအေ မိုင်းခုတ် ဓာတ်အားခွဲရုံတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင်သို့ ရောက်ရှိရာတာဝန်ရှိသူများက ဓာတ်အားခွဲရုံတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေနှင့် ဓာတ်အားခွဲရုံတွင် တပ်ဆင်အသုံးပြုမည့် ထရန်စဖော်မာနှင့် ဓာတ်အားခွဲရုံသုံး ဆက်စပ် ပစ္စည်းများ ရောက်ရှိနေရာချထားမှု အခြေအနေတို့အား ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများ အပေါ် ပြည်ထောင်စုဝန်ကြီးက ဓာတ်အားခွဲရုံ တည်ဆောက်ခြင်း လုပ်ငန်း များ နှင့် ဓာတ်အားခွဲရုံတွင် တပ်ဆင်အသုံးပြုမည့် စက်ပစ္စည်းများ အရည်အသွေး စံချိန် စံညွှန်း ပြည့်မီစေရေးနှင့် သတ်မှတ်ထားသည့် အချိန်အတွင်း အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး ဓာတ်အားခွဲရုံအတွင်း Control Building တည် ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေနှင့် ဓာတ်အားခွဲရုံသုံး ထရန်စဖော်မာ နှင့် ဆက်စပ်ပစ္စည်းများ ရောက်ရှိနေရာချထားနေမှု အခြေအနေတို့အား ကြည့်ရှု စစ်ဆေး ခဲ့ပါသည်။      

   ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မိုင်းခုတ်မြို့တွင် အကာင်အထည်ဖော် ဆောင်ရွက်မည့် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းတည်ဆောက်မည့်နေရာသို့ ရောက်ရှိရာ ယာယီရှင်းလင်းဆောင်၌ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ကုမ္ပဏီများမှ တာဝန်ရှိသူတို့က စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ ပဏာမစူးစမ်း လေ့လာထားမှု အခြေအနေများနှင့် စီမံကိန်းအကောင် အထည်ဖော် ဆောင်ရွက်သွားမည့်အစီအမံများအား အသီးသီးရှင်းလင်း တင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတည်ဆောက်ခြင်း လုပ်ငန်းများအား မြန်မြန်ဆန်ဆန် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်နှင့် ထိုသို့ဆောင်ရွက် ရာတွင်လည်း ခေတ်မီ အဆင့်မြင့်နည်းပညာများအသုံးပြု၍ ဆောင်ရွက်သွားရန်လိုအပ် ကြောင်း၊ သို့မှသာ ဓာတ်အားထုတ်လုပ်မှု ကုန်ုကျစရိတ်လည်း သက်သာသွားမည်ဖြစ်ကြောင်း၊ စက်ရုံ တည်ဆောက်ပြီးပါကလည်း ထွက်ရှိလာမည့်ဓာတ်အားများကို နိုင်ငံတော်ဓာတ်အား စနစ်သို့ ချိတ်ဆက်ပို့လွှတ်ဖြန့်ဖြူးနိုင်ရန်အတွက် ဓာတ်အားခွဲရုံများ၊ ဓာတ်အားလိုင်းများ ကိုလည်း တစ်ချိန်တည်း၊ တစ်ပြိုင်တည်း အကောင်အထည်ဖော် တည်ဆောက်သွားရန် လိုအပ်ကြောင်း၊ ဓာတ်အားလိုင်းများ တည်ဆောက်နိုင်ရန်အတွက် လမ်းအူကြောင်း တိုင်းတာခြင်း လုပ်ငန်းများကိုလည်း အမြန်ဆုံးဆောင်ရွက်သွားရန်လိုအပ်ကြောင်း မှာကြား ခဲ့ပြီး အပူစွမ်းအင် သုံးဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရန်အတွက် ကုန်ကြမ်း ထုတ်လုပ် နိုင်မှု ပမာဏနှင့် ဓာတ်အားထုတ်လုပ်နိုင်မှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

  ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျိုင်းတုံမြို့အနီးတွင် ဆောင်ရွက်မည့် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းတည်ဆောက်မည့်နေရာသို့ ရောက်ရှိရာ ယာယီရှင်းလင်းဆောင်၌ တာဝန်ရှိသူများက အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရေး ဆောင်ရွက်သွားမည့် အခြေအနေတို့နှင့် ပတ်သက်၍ ရှင်းလင်း တင်ပြကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ဓာတ်အားပေး စက်ရုံ တည်ဆောက်ရေးလုပ်ငန်းများအား အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်၍ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး တွန်းအားပေး ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံတည်ဆောက်နိုင်ရန်အတွက် ကုန်ကြမ်း ထုတ်လုပ်နိုင်မှုပမာဏ နှင့် ဓာတ်အားထုတ်လုပ်နိုင်မှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
21-Apr-2023