The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်ဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာအန်နာသိုလီ ဘူလော့ချ်နိကော့ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံဆွေးနွေးသည့်သတင်း

နေပြည်တော်၊ ၂၀၂၃ ခုနှစ်၊ ဧပြီလ  (၂၆) ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာအန်နာသိုလီ ဘူးလော့ချ်နိကော့ ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၆) ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

   ထိုသို့တွေ့ဆုံစဉ် ရုရှား-မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခဲ့သည့် (၇၅)နှစ်မြောက်ကာလ အတွင်း ချစ်ကြည်ရင်းနှီးစွာဖြင့် ရေရှည်လက်တွဲဆောင်ရွက်ခဲ့မှု အကျိုးရလဒ်အဖြစ် ကဏ္ဍ ပေါင်းစုံ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့်အခြေအနေများ၊ မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုရှားနိုင်ငံမှ ယခင်ကာလများကပင် ကူညီပူးပေါင်းဆောင်ရွက်ခဲ့မှု များ၊ ရုရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်ခဲ့စဉ် ကာလအတွင်း ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်နှင့် အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံများအား လေ့လာခဲ့မှုနှင့် ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာ နိုင်ငံတွင်ရှိသော ရေအားလျှပ်စစ်အရင်းအမြစ်များမှ စီမံကိန်းများ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် မြန်မာနိုင်ငံမှ ပြည်တွင်းကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့် အလမ်းများနှင့် ပတ်သက်၍ အကျယ်တဝင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

   အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဌာန ဆိုင်ရာအကြီးအကဲများနှင့် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်ဆောင်ရွက်ရေးအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
26-Apr-2023