The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

နေပြည်တော်၊ ၂၀၂၃ ခုနှစ် မေလ  ) ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဓာတ်အားခွဲရုံများ တည်ဆောက်/ မောင်းနှင်/ထိန်းသိမ်း ပြုပြင်ခြင်း သင်တန်းအမှတ်စဉ်(၂/၂၀၂၃)နှင့် အင်ဂျင်နီယာများစီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ် (၂/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ် ၊ မေလ ( ၂ ) ရက်နေ့၊ နံနက် ( ၀၉:၀၀ ) နာရီအချိန်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ နေပြည်တော်ဗဟိုသင်တန်းကျောင်း၌   ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ကျင်းပ ပြုလုပ်ခဲ့ပါသည်။       

   အဆိုပါအခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်၊ သက်ဆိုင်ရာ ဦးစီးဌာနများနှင့်လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး များနှင့် ဌာနမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက် ခဲ့ကြပါသည်။

   ရှေးဦးစွာ ဒုတိယဝန်ကြီးက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် ယခုဖွင့်လှစ်သည့် သင်တန်းသို့ တက်ရောက်လာကြသည့် သင်တန်းသားများသည် ထိုက်သင့်သည့် လျှပ်စစ် နည်းပညာတတ်မြောက်မှု၊ ပင်ကိုယ်စွမ်းရည်နှင့် ကြိုးစားအားထုတ်မှုကိုယ်စီရှိပြီး ဖြစ်ကြ မည်ဟု ယုံကြည်ပါကြောင်း၊ ယခုသင်တန်းမှ လျှပ်စစ်နည်းပညာနှင့် စီမံခန့်ခွဲရေးပညာများကို ထပ်မံလေ့လာသင်ယူနိုင်မည့် အခွင့်အလမ်းများ ရရှိကြမည်ဖြစ်ပြီး ဘာသာရပ်များကို လက်တွေ့နှင့်ပေါင်းစပ်ပြီး လုပ်ငန်းနယ်ပယ်များတွင် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ သင်တန်းသားများ၏ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်မြင့်မားလာမှသာ နိုင်ငံတော်နှင့်ပြည်သူများအတွက် ဓာတ်အားထုတ်လုပ်ပို့လွှတ်ဖြန့်ဖြူးရေးဆိုင်ရာ လုပ်ငန်း များ၏ အရည်အသွေးများ တိုးတက်ကောင်းမွန်လာမည်ဖြစ်ပြီး  အဆင့်မြင့်နည်းပညာများနှင့် ထုတ်လုပ်ထားသည့် လျှပ်စစ်ပစ္စည်းများကို အန္တရာယ်ကင်းစွာ တပ်ဆင်မောင်းနှင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ယခုသင်တန်းတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ် ၊ ပို့လွှတ် ၊ ဖြန့်ဖြူးမှုလုပ်ငန်းများ၌ အဆင့်မြင့်နည်းပညာများကို အသုံးချ၍ ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်တတ်စေရန် ဝန်ကြီးဌာနမှ စီမံဖွင့်လှစ်သည့်အတွက် သင်တန်းသူ/ သင်တန်း သားများအနေဖြင့် ထိုက်သင့်သည့်ပညာရပ်အခြေခံကောင်းများ ရရှိမည်ဖြစ်ကြောင်း၊ ယနေ့ တက်ရောက်လာကြသည့် သင်တန်းသားများအနေဖြင့် သင်တန်းမှ သင်ကြားပို့ချချက်များ အပြန်အလှန်ဆွေးနွေးခြင်းမှ ရရှိသည့် အသိပညာများ၊ ဗဟုသုတများနှင့် ဌာနမှပေးအပ်သည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ဆောင်ရွက်နိုင်ကြစေလိုပါကြောင်း ပြောကြားခဲ့ပြီး သင်တန်းသား/သူများက တစ်ဦးချင်းစီအလိုက် မိတ်ဆက်စကား ပြောကြားကြပါသည်။

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဓာတ်အားခွဲရုံများ တည်ဆောက်/ မောင်းနှင်/ ထိန်းသိမ်း ပြုပြင်ခြင်း သင်တန်းအမှတ်စဉ်(၂/၂၀၂၃)နှင့် အင်ဂျင်နီယာများစီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ် (၂/၂၀၂၃) သင်တန်းတို့ကို သင်တန်းသား/သင်တန်းသူ (၅၀)ဦးအား စာတွေ့/ လက်တွေ့ဖြင့် ရက်သတ္တပတ် (၅)ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။

Post under by : ဝန်ကြီးရုံး
02-May-2023