The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

နေပြည်တော်၊ ၂၀၂၃ ခုနှစ် မေလ၁၆  ) ရက်

 

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများအတွက် ကွန်ပျူတာအခြေခံသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ် ၊ မေလ ( ၁၆ ) ရက်နေ့၊ နံနက် ( ၀၉:၀၀ ) နာရီအချိန်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ နေပြည်တော်ဗဟိုသင်တန်းကျောင်း၌ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါအခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် သက်ဆိုင်ရာ ဦးစီးဌာန၊ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

   ရှေးဦးစွာ ဒုတိယဝန်ကြီးက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် ယခုကာလသည် နွေရာသီ ကျောင်းပိတ်ရက်ရှည်ကာလဖြစ်ပြီး လာမည့်ဇွန်လတွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်တော့မည်ဖြစ်၍ နွေရာသီကျောင်းပိတ်ရက်ရှည် အချိန်ကို မိမိတို့အတွက် အကျိုးရှိစွာ အသုံးချရမည်ဖြစ်ပါကြောင်း၊ နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည့်ခေတ်တွင် ကွန်ပျူတာ အခြေခံသည်  လူတိုင်းတတ်မြောက်ထားရမည့် ပညာရပ်ဖြစ်သည့်အတွက် ယခု ကျောင်း ပိတ်ရက်တွင် သင်ယူလေ့လာခြင်းသည် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း၊ မျက်မှောက် ခေတ်သည် ပညာခေတ်ဖြစ်သည့်အလျောက် နိုင်ငံကိုတည်ဆောက်ရာတွင်ဖြစ်စေ၊ ကာကွယ် ရာတွင်ဖြစ်စေ၊ အတတ်ပညာ၊ နည်းပညာတို့ကို မဖြစ်မနေသုံးစွဲကြရသည့်အတွက် လူတိုင်း ပညာတတ်ရန်လိုအပ်ပါကြောင်းပြောကြားခဲ့ပြီး သင်တန်းသား/သင်တန်းသူ တစ်ဦးချင်းစီအား လိုက်လံ၍ မိတ်ဆက်စကား ပြောကြားခဲ့ပါသည်။

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများအတွက် ကွန်ပျူတာအခြေခံသင်တန်း ကို သင်တန်းသား/သင်တန်းသူ (၅၀)ဦးဖြင့် (၉)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
17-May-2023