နေပြည်တော် ၊ ၂၀၂၃ ခုနှစ် ၊ ဇွန်လ ၁၇ ရက်
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဦးသောင်းဟန်သည် ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်း ၊ ဒေသစံတော်ချိန် ၁၀ နာရီခန့်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ၊ စိန့်ပီတာစဘတ်မြို့၌ ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ စီးပွားရေး ဖိုရမ် ၂၀၂၃ (SPIEF’23) တတိယနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Role of the Nuclear Industry in “ Achieving Technological Sovereignty and Technologies of the future ” ခေါင်းစဉ်ဖြင့် G-6 ခန်းမတွင် ပြုလုပ်သည့် မျက်နှာစုံညီ အစည်းအဝေး၌ Panel Session ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုအားတက် ရောက်ဆွေးနွေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားရာတွင် ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ စီးပွား ရေးဖိုရမ်သို့ တက်ရောက်ရန် ဖိတ်ကြားပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ၊ Nuclear Industry ဟာ Technological Sovereignty ရှိတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ဖို့နှင့် အနာဂတ် နည်းပညာ ဖွံ့ဖြိုးတိုးတက်လာဖို့တို့မှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ပါကြောင်း ၊ Nuclear Industry ဟာ သိပ္ပံပညာရပ်များမှာ တိုးတက်မှုနဲ့ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများကို ကျော်လွှားဖို့အတွက် များစွာ အထောက်အကူ ဖြစ်စေကြောင်း ၊ Nuclear Technology ကို ဓာတ်အား ထုတ်လုပ်တဲ့ နေရာ မှာတင်မက အခြားကဏ္ဍတွေမှာလည်း အသုံးချ ဆောင်ရွက်လျက်ရှိပါကြောင်း ၊ နျူကလီးယား ဓာတ်အားပေးစက်ရုံတွေရဲ့ Safety နဲ့ Efficiency တိုးတက်မြင့်မားလာမှုသည် ရေရှည်အသုံးပြု နိုင်မှုတွေကို မြှင့်တင်ပေးနိုင်သလို ဆေးပညာ ၊ စက်မှု ၊ စိုက်ပျိုးရေးနဲ့ အာကာသသို့ သွားရောက် စူးစမ်းရှာဖွေမှု စတဲ့ကဏ္ဍ အမျိုးမျိုးတို့မှာလည်း ဖွံ့ဖြိုးတိုးတက်အောင်များစွာ အထောက်အကူပြု လျက်ရှိပါကြောင်း ၊ CO2 ကင်းစင်တဲ့ Global Economy အတွက် ယနေ့ Fossil Fuel အပေါ် မှီခိုနေတဲ့ ကဏ္ဍအားလုံးမှာ CO2 ကိုလျော့ချသွားဖို့လိုပါကြောင်း ၊ ဒီအခြေအနေကို ရောက်ဖို့အတွက် Nuclear Energy ဟာအရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်ပါကြောင်း ၊ Nuclear Energy ဟာ ရေအား ပြီးလျှင် ကမ္ဘာ့ ဒုတိယအကြီးဆုံး CO2 မထုတ်လွှင့်တဲ့ စွမ်းအင်အရင်းအမြစ် ဖြစ်ပါကြောင်း ၊ Technological Sovereignty ရရှိဖို့အတွက် Nuclear Industry မှာ သုတေသန ဖွံ့ဖြိုးမှုလုပ်ငန်းတွေ ပညာရေးနဲ့ လေ့ကျင့်ရေးကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ဖို့ လိုအပ်ပါကြောင်း ၊ မျိုးဆက်သစ် သိပ္ပံပညာရှင်တွေ ၊ အင်ဂျင်နီယာတွေနဲ့ အတတ်ပညာရှင်များကို ပြုစုပျိုးထောင်ပေးဖို့ လိုပါကြောင်း ၊ နျူကလီးယားသိပ္ပံနှင့် နည်းပညာကဏ္ဍတွေမှာ အသိပညာနှင့် စွမ်းဆောင်ရည်တွေကို လူငယ်တွေ အားဖြည့်ဆည်းပေးခြင်းအားဖြင့် စဉ်ဆက်မပြတ် တိုးတက်နေတဲ့အနာဂတ်ဆီကို တက်လှမ်းနိုင်မည် ဖြစ်ပါကြောင်း ၊ Nuclear Power ကိုလက်ခံယုံကြည်ခြင်း ၊ သုတေသနနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံခြင်းနဲ့ အနာဂတ်မျိုးဆက်သစ် ပညာရှင်တွေကို ပျိုးထောင်ပေးခြင်းအားဖြင့် Nuclear Industry ရဲ့နည်းပညာဆိုင်ရာ အလားအလာတွေကို ဖော်ထုတ် ရယူနိုင်မှာဖြစ်တဲ့အတွက် သာယာဝ ပြောပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်နေတဲ့ Technological Sovereignty ရှိတဲ့အနာဂတ်ဆီသို့ လျှောက် လှမ်းနိုင်မှာဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
မွန်းလွဲပိုင်း ဒေသစံတော်ချိန် ၁၂း၃၀ နာရီတွင် ပြည်ထောင်စုဝန်ကြီးသည် Nova Wind JSC နှင့်အတူ System Operator of the United Power System , Joint –stock Company ၏ Chairman of the Management Board , Mr. Ferdor Opadchiy နှင့်တွေ့ဆုံ၍ ဓာတ်အားစနစ် တည်ငြိမ်စွာ ထိန်းသိမ်းဆောင်ရွက်နိုင်ရေးအတွက် Power System Planning အပိုင်းတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက် သွယ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဌ ဒေါ်သန်းသန်းဆွေတို့နှင့်အတူ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် သည် စိန့်ပီတာစဘတ် အပြည်ပြည်ဆိုင်ရာ စီးပွားရေးဖိုရမ်၏ စုံညီအစည်းအဝေးသို့ တက်ရောက်ခဲ့ ကြကြောင်း သတင်းရရှိပါသည်။