နေပြည်တော် ၊ ၂၀၂၃ ခုနှစ် ၊ ဇွန်လ(၂၃)ရက်
၁၄.၅.၂၀၂၃ ရက်နေ့တွင် အလွန်အားပြင်းသော မိုခါမုန်တိုင်း သက်ရောက်မှုဒဏ်ကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း(၁၀)မြို့နယ်သို့ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးထားသည့် ၂၃၀ ကေဗွီ ၊ ၆၆ ကေဗွီ ၊ ၁၁ ကေဗွီနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းများ ၊ ဓာတ်အားခွဲရုံများနှင့် ဆက်စပ်ပစ္စည်းများ ပျက်စီး ဆုံးရှုံးခဲ့ရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ကျွမ်းကျင်ဝန်ထမ်းများ၏ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင် ရွက်မှုများကြောင့် စစ်တွေမြို့ ၊ ပုဏ္ဏားကျွန်းမြို့နှင့် ကျောက်တော်မြို့များသို့ ၇.၆.၂၀၂၃ ရက်နှင့် ၁၈.၆.၂၀၂၃ ရက် အသီးသီးတို့တွင် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ပြန်လည် ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသရှိ ကျန်ရှိနေသော ဒေသများအား လျှပ်စစ်မီး ရရှိ နိုင်ရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ရာ ၂၃.၆.၂၀၂၃ ရက်တွင် ၆၆ ကေဗွီ ပုဏ္ဏားကျွန်း-မြောက်ဦး ဓာတ်အားလိုင်းပြုပြင်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြုပြင်ဆောင်ရွက်ပြီးဖြစ်ပါသဖြင့် မြောက်ဦးမြို့ရှိ ၆၆/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ မြောက်ဦးဓာတ်အားခွဲရုံ၏ ၁၁ ကေဗွီ ဖီဒါ (၅)ဖီဒါမှ ၁၁/၀.၄ ကေဗွီ ဖြန့်ဖြူးရေး ထရန်စဖော်မာ (၉၄)လုံးဖြင့် မြို့ပေါ်ရပ်ကွက် (၇)ရပ်ကွက်နှင့် ကျေးရွာ (၂၆)ရွာရှိ မီးသုံးသူ(၅၃၅၇)ဦး ၊ မင်းပြားမြို့ရှိ ၆၆/၃၃/၁၁ ကေဗွီ မင်းပြားဓာတ်အားခွဲရုံ၏ ၁၁ ကေဗွီ ဖီဒါ(၄)ဖီဒါမှ ၁၁/၀.၄ ကေဗွီ ဖြန့်ဖြူးရေး ထရန်စဖော်မာ(၄၀)လုံးဖြင့် မြို့ပေါ်ရပ်ကွက်(၈)ရပ်ကွက်နှင့် ကျေးရွာ (၃)ရွာရှိ မီးသုံးသူ(၃၁၂၁)ဦး ၊ မြေပုံမြို့ရှိ ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ မြေပုံဓာတ်အားခွဲရုံ၏ ၁၁ ကေဗွီ ဖီဒါ(၂)ဖီဒါမှ ၁၁/၀.၄ ကေဗွီ ဖြန့်ဖြူးရေး ထရန်စဖော်မာ (၂၄)လုံးဖြင့် မြို့ပေါ်ရပ်ကွက် (၉)ရပ်ကွက် နှင့်ကျေးရွာ(၅)ရွာရှိ မီးသုံးသူ(၂၃၁၀)ဦးတို့အား ဓာတ်အားဖြန့်ဖြူး ပေးထားပြီးဖြစ်ကြောင်း သတင်း ရရှိပါသည်။