၂၀၂၃ ခုနှစ် ဇူလိုင်လ ၅ ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများအတွင်းရှိ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ပြန်လည်ပြုပြင် ခြင်းလုပ်ငန်းကို အရှိန်အဟုန်ဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ စစ်တွေမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ကျောက်တော်မြို့၊ မြောက်ဦးမြို့၊ မင်းပြားမြို့နှင့် မြေပုံမြို့ရှိ မြို့ပေါ်ရပ်ကွက်များ နှင့် ကျေးရွာအချို့အား (၇.၆.၂၀၂၃)ရက်၊ (၁၈.၆.၂၀၂၃)ရက်နှင့် (၂၃.၆.၂၀၂၃)ရက်နေ့စသည့် အသီးသီး ရက်များတို့တွင် ဓာတ်အားစနစ်မှ ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။
ဆက်လက်၍ ကျန်ရှိနေသောမြို့များနှင့် ကျေးရွာများအား ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ရန် ၆၆ ကေဗွီ ပုဏ္ဏားကျွန်း-ရသေ့တောင်ဓာတ်အားလိုင်းနှင့် ၃၃ကေဗွီ မင်းပြား-ပေါက်တောဓာတ်အားလိုင်း ပြန်လည်ပြုပြင် တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ပါသဖြင့် (၅.၇.၂၀၂၃) ရက်နေ့ ၊ (၁၄:၂၅) နာရီအချိန်တွင် ရသေ့တောင်မြို့ရှိ ၆၆/၁၁ ကေဗွီ ၊ ၅ အမ်ဗွီအေ ရသေ့တောင် ဓာတ်အားခွဲရုံ၏ ၁၁ကေဗွီ ဖီဒါ (၃) ဖီဒါမှ ၁၁/၀.၄ ကေဗွီ ဖြန့်ဖြူးရေးထရန်စဖော်မာ ( ၂၀ ) လုံးဖြင့် ရသေ့တောင် မြို့ပေါ် ရပ်ကွက် (၄) ရပ်ကွက်နှင့် ကျေးရွာ(၁)ရွာရှိ မီးသုံးသူ (၂၀၉၇)ဦးတို့အားလည်းကောင်း ၊ (၁၈ :၂၇) နာရီ အချိန်တွင် ပေါက်တောမြို့ရှိ ၃၃/၁၁ကေဗွီ ၊ ၅ အမ်ဗွီအေ ပေါက်တောဓာတ်အားခွဲရုံ ၏ ၁၁ကေဗွီ ဖီဒါ ( ၂ ) ဖီဒါမှ ၁၁/၀.၄ ကေဗွီ ဖြန့်ဖြူးရေးထရန်စဖော်မာ ( ၂၂ ) လုံးဖြင့် ပေါက်တောမြို့ပေါ်ရပ်ကွက် (၅)ရပ်ကွက်ရှိ မီးသုံးသူ(၂၂၄၈)ဦး တို့အားလည်းကောင်း ဓာတ်အားစနစ်မှ အသီးသီး ဓာတ်အားပြန် လည်ဖြန့်ဖြူးပေးထားပြီး ဖြစ်ပါ သည်။
ယခုအခါ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများအတွင်းရှိ မိုခါမုန်တိုင်းဒဏ်ကြောင့် ဓာတ်အားလိုင်း ၊ ဓာတ်အားခွဲရုံနှင့်ဆက်စပ်ပစ္စည်းများ ပျက်စီးသွားသည့် မြို့နယ်(၁၀)မြို့နယ် အနက် (၈)မြို့နယ်အား ဓာတ်အားစနစ်မှ ဓာတ်အားပြန်လည် ဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်းနှင့် ကျန်ရှိသည့်မြို့နယ်(၂)မြို့နယ်အား အမြန်ဆုံးဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးနိုင်ရေး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။