၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၃ ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများအတွင်း ရှိ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းကို အရှိန်အဟုန်ဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက် ရှိရာ စစ်တွေမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ကျောက်တော်မြို့၊ မြောက်ဦးမြို့၊ မင်းပြားမြို့၊ မြေပုံမြို့၊ ရသေ့တောင်မြို့နှင့် ပေါက်တောမြို့ ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့အား (၇.၆.၂၀၂၃) ရက်၊ (၁၈.၆.၂၀၂၃) ရက်၊ (၂၃.၆.၂၀၂၃) ရက်နှင့်(၅.၇.၂၀၂၃) ရက်နေ့စသည့် အသီးသီး ရက် များတွင် ဓာတ်အားစနစ်မှ ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။
ဆက်လက်၍ ကျန်ရှိနေသောမြို့များနှင့်ကျေးရွာများအားဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက် လျက်ရှိရာ ၆၆ ကေဗွီ ရသေ့တောင်-ဘူးသီးတောင်ဓာတ်အားလိုင်း ပြန်လည်ပြုပြင် တည်ဆောက် ခြင်း လုပ်ငန်းရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ပါသဖြင့် (၁၃.၇.၂၀၂၃) ရက်နေ့ ၊ (၁၁:၂၃) နာရီအချိန်တွင် ဘူးသီးတောင်မြို့ရှိ ၆၆/၁၁ ကေဗွီ , ၅ အမ်ဗွီအေ ဘူးသီးတောင် ဓာတ်အားခွဲရုံ၏ ၁၁ကေဗွီ ဖီဒါ (၄) ဖီဒါမှ ၁၁/၀.၄ ကေဗွီ ဖြန့်ဖြူးရေးထရန်စဖော်မာ (၇၅) လုံးဖြင့် မြို့ပေါ်ရပ်ကွက် (၇) ရပ်ကွက် နှင့် ကျေးရွာ (၂၄) ရွာရှိ မီးသုံးသူ (၅၂၇၃) ဦးတို့အားလည်းကောင်း ၊ (၁၁:၄၅)နာရီ အချိန်တွင် မောင်တောမြို့ရှိ ၆၆/၁၁ကေဗွီ , ၅ အမ်ဗွီအေ မောင်တောဓာတ်အားခွဲရုံ ၏ ၁၁ကေဗွီ ဖီဒါ (၄) ဖီဒါ မှ ၁၁/၀.၄ ကေဗွီ ဖြန့်ဖြူးရေးထရန်စဖော်မာ (၈၁) လုံးဖြင့် မြို့ပေါ်ရပ်ကွက် (၁၂) ရပ်ကွက်နှင့် ကျေးရွာ (၂၄) ရှိ မီးသုံးသူ (၆၄၇၄) ဦး တို့အားလည်းကောင်း ဓာတ်အားစနစ်မှ အသီးသီး ဓာတ်အားပြန်လည် ဖြန့်ဖြူး ပေးထားပြီးဖြစ်ပါသည်။
ယခုအခါ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများအတွင်းရှိ မိုခါမုန်တိုင်းဒဏ်ကြောင့် ဓာတ် အားလိုင်း ၊ ဓာတ်အားခွဲရုံနှင့်ဆက်စပ်ပစ္စည်းများ ပျက်စီးသွားသည့် မြို့နယ်(၁၀)မြို့နယ် အား ဓာတ်အားစနစ်မှ ဓာတ်အားပြန်လည် ဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်ပါသောကြောင့် မုန်တိုင်း ကာလအလွန် ရခိုင်ပြည်နယ်ရှိ မြို့နယ်များအားလုံးကို နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း သတင်းရရှိပါသည်။