The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်         

            လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက်  ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အဝင်မုခ်ဦးရှေ့ အမြင်မတင့်တယ်သည့် ဓာတ်အားလိုင်းများအား စနစ်တကျ ရွှေ့ပြောင်းခြင်း လုပ်ငန်းဆောင်ရွက်နိုင်ရေးနှင့် ဘုရားကြီးအနီးပတ်ဝန်းကျင်ရှိ လုံခြုံရေး လျှပ်စစ်မီးတိုင်များ နှင့် ဓာတ်အားလိုင်းများအား စနစ်တကျ သွယ်တန်းထားရှိမှုတို့အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ 

         ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အဝင်မုခ်ဦးရှေ့ရှိ အမြင်မတင့်တယ်သည့် ဓာတ်အားလိုင်းများ စနစ်တကျရွှေ့ပြောင်းခြင်း လုပ်ငန်းဆောင်ရွက် သွားမည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များအား မှာကြားခဲ့ကာ ဓာတ်အားလိုင်း ရွှေ့ပြောင်းခြင်း လုပ်ငန်းဆောင်ရွက် သွားမည့်နေရာများအား  ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။

         ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အနီးပတ်ဝန်းကျင်ရှိ လုံခြုံရေး လျှပ်စစ်မီးတိုင်းများနှင့် ဓာတ်အားလိုင်းများအား စနစ်တကျ သွယ်တန်းထားရှိမှုအခြေအနေနှင့် ဓာတ်အားလိုင်း ရွှေ့ပြောင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး တင်ပြမှု များအပေါ် ပြည်ထောင်စုဝန်ကြီးက ဘေးအန္တရာယ်ကင်းရှင်စေရေး အထူးဂရုပြု ဆောင်ရွက် သွားရန်နှင့် အခြားလိုအပ်သည်များအား မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
12-Nov-2023