၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ဒက္ခိဏသီရိမြို့နယ် City Park အားကစားကွင်း၌ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ကျင်းပပြုလုပ်သော (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစာပွဲသို့ သွားရောက် အားပေးခဲ့ပြီး နေပြည်တော် ဒက္ခိဏသီရိမြို့နယ် အတွင်းရှိ လျှပ်စစ် တည်ဆောက်ရေး လုပ်ငန်းများကို ကြည့်ရှု စစ်ဆေး ခဲ့ပါသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ City Park အားကစားကွင်းတွင် ကျင်းပပြုလုပ်သည့် ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ထုတ်ဆီးတိုးပြိုင်ပွဲတို့တွင် အနိုင်ရရှိသည့် အသင်းများအား ဆုချီးမြှင့်ပွဲသို့ တက်ရောက်ခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများ လိုက်ပါလျက် နေပြည်တော် ပြည်ထောင်စုနယ်မြေရှိ ပြည်သူကျန်းမာရေးဦးစီးဌာန၏ မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာန နှင့် ကျန်းမာရေးသင်တန်းကျောင်း (Myanmar Center for Disease Control and Health Staff Training Center) ဓာတ်အားရရှိရေး၊ ဓာန်အားခွဲရုံနှင့် ဓာတ်အားလိုင်း တည်ဆောက်မှု နှင့် မိုင်တိုင်၂၀၀ Rest Camp Ev Station များသို့ ဓာတ်အားပေးပို့မည့် ၃၃ ကေဗွီ ဓာတ်အားခွဲရုံ လျာထား မြေနေရာသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။