The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၄ခုနှစ် ဇန်နဝါရီလ ၉ ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဧရာဝတီတိုင်းဒေသကြီး၊ သယံဇာတရေးရာဝန်ကြီး ဦးအုံးမြင့်နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ အသုတ်မြို့ရှိ ၂၃၀ကေဗွီ အသုတ်ပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေနှင့် ယင်းပင်မဓာတ်အားခွဲရုံမှ ဓာတ်အားရယူမည့် သာပေါင်းမြို့နယ်၊ ဒရယ်ကူးကျေးရွာ၌ အသစ်တည်ဆောက်လျက်ရှိသော ၆၆ကေဗွီ ဓာတ်အား ခွဲရုံတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မွန်းလွဲပိုင်းတွင် ပန်းတနော်မြို့ရှိ Global Earth Agro&Aqua Industry Public Company Limited (GEAAI) ၏  စပါးခွံလောင်စာသုံး ဓာတ်အားပေးစက် တည်ဆောက်တပ်ဆင်နေမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးအေးကျော်သည် ပဲခူးတိုင်း ဒေသကြီးလျှပ်စစ်အင်ဂျင်နီယာရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပါသည်။

   ယခုလ ၇ ရက်နေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး၊ သယံဇာတရေးရာဝန်ကြီးနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး၊ အသုတ်မြို့ရှိ ၂၃၀ကေဗွီ အသုတ်ပင်မဓာတ်အားခွဲရုံသို့ရောက်ရှိရာ ဓာတ်အားခွဲရုံ၏ ဆွိယာဒ် (Switch Yard) အတွင်း ၆၆ကေဗွီ Switch Bay အသစ်တိုးချဲ့တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဓာတ်အားလွှတ် ပစ္စည်းများအား ကြည့်ရှုစစ်ဆေးပြီး ဓာတ်အားခွဲရုံမှူးက ဓာတ်အားခွဲရုံဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဓာတ်အားလွှတ်ပစ္စည်းများအားပုံမှန်စစ်ဆေး၍ ထိန်းသိမ်းပြုပြင် ရေးလုပ်ငန်းများ ဆောင်ရွက်သွားရန်၊ ဝန်ထမ်းများအားလုံး စည်းလုံးညီညွှတ်စွာဖြင့် ကိုယ်စီတာဝန်များ ကျေပွန်စွာထမ်းဆောင်သွားကြရန်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အစီအမံများ ဆောင်ရွက် ထားရန်၊ ဓာတ်အားခွဲရုံ အတွင်း/အပြင် သန့်ရှင်းသပ်ရပ်ရေးဆောင်ရွက်ကြရန်နှင့် အခြားလိုအပ် သည်များ မှာကြားပြီး ဝန်ထမ်းများအား ထောက်ပံ့ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါသည်။

   ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ဒရယ်ကူးကျေးရွာ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုရံပုံငွေဖြင့် ဆောင်ရွက်လျက် ရှိသည့် ၆၆/၁၁ကေဗွီ, ၁၀အမ်ဗွီအေ ဓာတ်အားခွဲရုံသစ်တည်ဆောက်ခြင်းလုပ်ငန်းအား သွားရောက်

   ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း  ကျန်ရှိသော မြို့ပြတည်ဆောက်ရေးလုပ်ငန်း၊ မြေသား လုပ်ငန်းနှင့် လျှပ်စစ်တပ်ဆင်ရေးလုပ်ငန်းများကို အချိန်ဇယားဖြင့်ပြီးစီးအောင်ဆောင်ရွက်ရေး၊ ဓာတ်အားလွှတ်ပစ္စည်းများ စမ်းသပ်စစ်ဆေးခြင်းနှင့် ဓာတ်အားသုံးစွဲမည့် ကျေးရွာ(၃၆)ရွာ အတွင်း/ အပြင် ဓာတ်အားလိုင်းများ အချိန်ကိုက်အပြီးသတ်စစ်ဆေးရေး ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသည့် သစ်ပင် / သစ်ကိုင်းများ ရှင်းလင်းခုတ်ထွင်သွားရန်နှင့် ပြည်သူများလျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ သည်။ မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပန်းတနော်မြို့ရှိ  Global Earth (GEAAI)သို့ ရောက်ရှိရာ စပါးခွံလောင်စာသုံးဓာတ်အားပေးစက်ရုံ တည်ဆောက်တပ်ဆင်နေမှုအား တာဝန်ရှိသူများမှ လိုက်လံရှင်းလင်းတင်ပြကြရာ လိုအပ်သည်များ မှာကြားခဲ့ပါသည်။

   ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၈ရက်နေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးအေးကျော်သည် ပဲခူးမြို့ရှိ ပဲခူးတိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာရုံးသို့ရောက်ရှိပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လိုအပ်သည်များမှာကြားကာ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
09-Jan-2024