The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃၁ ) ရက်            

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်နှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၁)သို့ သွားရောက်ပြီး ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်စဉ်ကာလအတွင်း လျှပ်စစ်ဓာတ်အား မပြတ်တောက်စေရေး၊ ဓာတ်အားစဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေးနှင့် အရန်မီးစက်များ နေရာချထားဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

   ထိုသို့ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာတွင် အခမ်းအနားကျင်းပနေစဉ်ကာလအတွင်း ဖြန့်ခွဲထားရှိသည့် နေရာများအတိုင်း တာဝန်များကို အသေးစိတ်ချထားတာဝန်ပေးအပ်ထားရန် လိုအပ်ပါကြောင်း၊ အခမ်းအနား ကျင်းပစဉ် အများဆုံးသုံးစွဲနိုင်မည့် ဝန်အားများအတိုင်း စမ်းသပ်မောင်းနှင်ထားရန် လိုအပ် ပါကြောင်း၊  အရန်မီးစက်များ၊ UPS များလည်း ချထားပြီးဖြစ်ပါသဖြင့် သွယ်တန်း ထားရှိသည့် ဓာတ်အားလိုင်းများကို မတော်တဆထိခိုက်ပြတ်တောက်မှု မဖြစ်စေရေး လိုင်းများအား စစ်ဆေးထား၍ သန့်ရှင်းသပ်ရပ်စွာထားရှိရန် လိုအပ်ပါကြောင်း၊ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးမည့် ဓာတ်အားလိုင်း လမ်းတစ်လျှောက်နှင့် ခွဲရုံများတွင်လည်း တာဝန်များအပိုင်းလိုက် ချထားရန် လိုအပ်ပါကြောင်း၊  အရန်မီးစက်များ ထားရှိသည့်နေရာဝန်းကျင်တွင် လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရန်အတွက် မီးကြိုးများ ဆက်သွယ်အသုံးပြုရာ၌ စနစ်တကျ ဆက်သွယ်အသုံးပြုရေး မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
31-Jan-2024