The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၄ခုနှစ် မတ်လ ၁၈ ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ၂၀၂၄ ခုနှစ် မတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရေအားလျှပ်စစ်အကောင် အထည်ဖော်ရေးဦးစီးဌာန၏ စက်မှုယန္တရားဌာနခွဲ(လှော်ကား)တွင် ပစ္စည်းများသိုလှောင်/ထိန်းသိမ်းထားရှိ မှုအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ၂၃၀ကေဗွီ လှော်ကားပင်မဓာတ်အားခွဲရုံ၌ Switch-Bay အသစ်တိုးချဲ့ တည်ဆောက်မှုအခြေအနေကို ကြည့်ရှုစစ်ဆေး၍ လှော်ကားသဘာဝဓာတ်ငွေ့သုံးဓာတ်အား ပေးစက်ရုံ၏ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဓာတ်အားထိန်းချုပ်ခန်းအတွင်းမှ ဓာတ်အားထုတ်လုပ်/ ပို့လွှတ် ပေးနေမှုနှင့် စက်ရုံရှိစီမံကိန်းပစ္စည်းများ ထိန်းသိမ်းထားသိုမှုတို့ကို လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ဦးစွာ ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၏ စက်မှုယန္တရားဌာနခွဲ(လှော်ကား) သို့ရောက်ရှိရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပစ္စည်းများသိုလှောင်/ထိန်းသိမ်းထားရှိမှုအခြေအနေအား ရှင်းလင်းတင်ပြ ကြရာ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ပစ္စည်းများရရှိ/ထုတ်ပေး/သုံးစွဲ/လက်ကျန်စာရင်းများကို စနစ်တကျ မှတ်တမ်းရေးသွင်း ဆောင်ရွက်ကြရန်၊ ပြင်ဆင်ထားရှိသောစက်ယန္တရားများ ၊ စီမံကိန်းအတွက် စက်ပစ္စည်းများနှင့် တာဘိုင်၊ဂျင်နရေတာများအား စနစ်တကျ ထိန်းသိမ်းထားသိုရန်၊ နွေရာသီကာလ ရောက်ရှိပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးတားလမ်းများပြုလုပ်သွားရန်နှင့် အခြားလိုအပ်သည်များမှာကြားခဲ့ပြီး ဂိုဒေါင်များတွင် ပစ္စည်းများ သိုလှောင်/ ထိန်းသိမ်းထားရှိမှု အခြေအနေ အားလိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ဆက်လက်၍ ဒုတိယဝန်ကြီးသည်  ၂၃၀ကေဗွီ လှော်ကားပင်မဓာတ်အားခွဲရုံသို့ရောက်ရှိရာ Switch Yard(ဆွိစ်ယာဒ်)အတွင်း လက်ရှိဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေနှင့် တည်ဆောက်ဆဲ  ၂၃၀ကေဗွီ လှော်ကား-အရှေ့ဒဂုံ ဓာတ်အားလိုင်း၊ တည်ဆောက်မည့် ၂၃၀ကေဗွီ လှော်ကား-ဝါးတရာ ဓာတ်အားလိုင်းတို့အတွက် Switch-Bay နေရာတိုးချဲ့ရန်လျာထားမှုအခြေအနေ တို့ကိုလိုက်လံကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များမှာကြားခဲ့ပြီး လှော်ကားသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ အစည်းအဝေးခန်းမ၌ စက်ရုံမှူးက ဓာတ်အားပေးစက်ရုံဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြရာ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ဝန်ထမ်းများအားလုံးစည်းလုံးညီညွှတ်စွာနေထိုင်သွားကြရန်၊ လုပ်ငန်း များဆောင်ရွက်ရာတွင် လုံခြုံရေး အသိ၊ သတိဖြင့်ဆောင်ရွက်ကြရန်၊ ယခုနွေရာသီကာလအတွင်း ဓာတ်ငွေ့ ရရှိမှုအပေါ် ဓာတ်အားစဉ်ဆက်မပြတ် ထုတ်လုပ်ရေးကြိုးပမ်းလုပ်ဆောင်ပေးကြရန်၊ ပွင့်လင်းရာသီ ရောက်ရှိပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးစီမံဆောင်ရွက်ကြရန်နှင့် အခြားလိုအပ်သည်များ မှာကြားခဲ့ပြီး ဓာတ်အားထိန်းချုပ်ခန်းအတွင်းမှ ဓာတ်အားထုတ်လုပ်/ပို့လွှတ်ပေးနေမှုနှင့် စက်ရုံရှိစီမံကိန်း ပစ္စည်းများ ထိန်းသိမ်းထားသိုမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
19-Mar-2024