The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

 ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ( ၃ )ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ကယားပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးစောဟူးဟူးနှင့်အတူ ဌာနမှ တာဝန်ရှိသူများလိုက်ပါ၍ နိုဝင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ အကြမ်းဖက်သောင်းကျန်းသူများ ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးဝန်းအတွင်းရှိ ရုံးနှင့် ဝန်ထမ်း အိမ်ရာများ၏အခြေအနေ၊ လွိုင်ကော်မြို့သို့ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး ၃၃ကေဗွီ ရွာတန်းရှည် ဓာတ်အားခွဲရုံ ပျက်စီးမှုနှင့် ၃၃ကေဗွီ ဧက (၅၀၀) ဓာတ်အားခွဲရုံ၏ အခြေအနေ၊ ၁၃၂ကေဗွီ လွိုင်ကော်ပင်မဓာတ်အားခွဲရုံ ပြန်လည်ပြုပြင်နေမှုအခြေအနေများ၊ လောပိတရှိ အမှတ်(၂) ဘီလူးချောင်းစက်ရုံအတွင်း တောင်ကျရေ စီးဆင်းဝင်ရောက်မှုကြောင့် ဓာတ်အားထုတ်ပစ္စည်း များနှင့် ဓာတ်အားလွှတ်ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့မှုများနှင့်ပြုပြင်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ယခုလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ကယား ပြည်နယ်၊ လွိုင်ကော်မြို့သို့ရောက်ရှိရာ အကြမ်းဖက်သောင်းကျန်းသူများကြောင့် ပျက်စီးဆုံးရှုံး သွားခဲ့သည့် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးဝန်းအတွင်းရှိ ရုံးနှင့် ဝန်ထမ်းအိမ်ရာများပြုပြင်ရန် လိုအပ်မှုအခြေအနေနှင့် ၃၃ကေဗွီ ရွာတန်းရှည်ဓာတ်အားခွဲရုံရှိ ဓာတ်အားထိန်းချုပ်ခန်းနှင့် ဆွိယာဒ်အတွင်းရှိ ထရန်စဖော်မာများ၊ ဓာတ်အားလွှတ်ပစ္စည်းများနှင့် ကေဘလ်ဝါယာကြိုးများ ဖျက်ဆီးခိုးယူခံခဲ့ရမှုအခြေအနေအား လိုက်လံကြည့်ရှုစစ်ဆေးပြီး၊ ၃၃ကေဗွီ ဧက(၅၀၀) ဓာတ်အားခွဲရုံတွင် ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံရာ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာက လက်ရှိ လွိုင်ကော်မြို့သို့ ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေနှင့် ဓာတ်အားခွဲရုံများ၏ အခြေအနေတို့အား ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက ဓာတ်အား ပုံမှန်ပြန်လည်ရရှိရေး အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ကြရန်၊ လျှပ်စစ်အန္တရာယ် မရှိ စေရေး စစ်ဆေးဆောင်ရွက်သွားရန်လိုပါကြောင်း၊ အခက်အခဲကာလတွင် မိမိတို့ဝန်ထမ်းများ၏ ပူးပေါင်းဆောင်ရွက်ပေးခဲ့ခြင်းအတွက်လည်း ဌာနမှ အသိအမှတ်ပြု မှတ်တမ်းတင်ပါကြောင်း၊ ဝန်ထမ်းများအားလုံး လုံခြုံရေး အသိ၊သတိဖြင့် နေထိုင်ဆောင်ရွက်ကြရန်နှင့် အခြားလိုအပ် သည်များမှာကြား၍ ဝန်ထမ်းများ၏တင်ပြချက်များအပေါ် ပူးပေါင်းဆောင်ရွက်ပေးကာ ဝန်ထမ်း များအား ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများပေးအပ်ခဲ့ပြီး ဆွိယာဒ်အတွင်း ဓာတ်အားလွှတ် ပစ္စည်းများ၏အခြေအနေအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပါသည်။

   ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၁၃၂ကေဗွီ လွိုင်ကော်ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာ တာဝန်ရှိသူများက ဓာတ်အားခွဲရုံ ပြန်လည်ပြုပြင်ရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြကြပြီး ဆွိယာဒ်အတွင်း ဓာတ်အားလွှတ်ပစ္စည်း များထိခိုက် ပျက်စီးခဲ့မှုအခြေအနေနှင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတို့အား  လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများ အချိန်မီပြီးစီး၍ ဓာတ်အား ပြန်လည်လက်ခံပို့လွှတ် နိုင်ရေးဆောင်ရွက်ကြရန်နှင့် အခြားလိုအပ်သည်များမှာကြားခဲ့ပါသည်။

   မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လောပိတရှိ ဘီလူးချောင်းဓာတ်အားပေး စက်ရုံသို့ သွယ်တန်းထားသည့် ရေသွယ်မြှောင်းအား ရေနည်းရာသီတွင် ပြန်လည်ပြင်ဆင်ရေး ၊ တောင်ကျရေများ ဓာတ်အားပေးစက်ရုံသို့ စီးဆင်းဝင်ရောက်မဖြစ်ပေါ်စေရေး ယာယီရေထိန်း တမံပြုလုပ်ပြီး ရေလမ်းကြောင်းလွှဲထားမှုအား ဆက်လက်လုပ်ဆောင်သွားရမည့် အခြေအနေကို သွားရောက် ကြည့်ရှုစစ်ဆေးရာ ရေသွယ်မြှောင်းအား ပွင့်လင်းရာသီတွင် အမြန်ဆုံးပြန်လည် ပြုပြင်တည်ဆောက်နိုင်ရေးဆောင်ရွက်ရန်၊ ယာယီမြေထိန်းတမံအား ရေရှည်ခိုင်ခံ့မှုရှိစေရေး သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များ ပူးပေါင်းဆောင်ရွက် ပေးခဲ့ပြီး အမှတ်(၂) ဘီလူးချောင်းဓာတ်အားပေးစက်ရုံသို့ သွားရောက်၍ စက်ရုံအတွင်း တောင်ကျရေစီးဆင်း ဝင်ရောက်မှုများကြောင့် ဓာတ်အားပေးစက်များ၊ ဆွိယာဒ်အတွင်း ဓာတ်အားလွှတ်ပစ္စည်းများနှင့် လျှပ်စစ်တာဝါတိုင်များ ပျက်စီးဆုံးရှုံးခဲ့မှုအခြေအနေနှင့် ပြုပြင် နေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများနှင့် အမြန်ဆုံးပြန်လည်ပြုပြင်နိုင် ရေး ဆွေးနွေးဆောင်ရွက်ပေးခဲ့ပြီး စက်ရုံဝန်ထမ်းများအား ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာ များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
05-Nov-2024