The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ပဥ္စမအကြိမ် အမျိူးသားအားကစားပွဲတော် ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးသည့်သတင်း

 ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂ )ရက်

    ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (က) အုပ်စုပတ်လည်ပွဲစဉ်များကို ယနေ့ညနေပိုင်းတွင် လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ကိုယ်စားပြုအသင်းနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ကိုယ်စားပြုအသင်းတို့ ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်အားကစားကွင်း၌ ယှဉ်ပြိုင် ကစားကြပါသည်။ 

   အဆိုပါပြိုင်ပွဲ ယှဉ်ပြိုင်နေမှုကို  လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးအေးကျော်နှင့်ဇနီး ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီး ဌာန၊ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနအကြီးအကဲများ၊  လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် အားကစားဝါသနာရှင်များ တစ်ခဲနက် တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

   အုပ်စု (က) အဖွင့်ပွဲစဉ်အဖြစ် ယနေ့ညနေပိုင်းတွင်  လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းနှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင် ကစားကြပါသည်။ ကျန်အုပ်စုပွဲစဉ်များအဖြစ် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာနအသင်း၊ ဒီဇင်ဘာလ ၇ ရက် နေ့တွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် စွမ်းအင်ဝန်ကြီးဌာန အသင်းတို့နှင့် ဆက်လက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။

Post under by : ဝန်ကြီးရုံး
02-Dec-2024