The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့ပေါ်နှင့် အနီးအနားကျေးရွာများအား ဓာတ်အားစနစ်မှ (၂၄)နာရီ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေ

      

           မိုးမိတ်မြို့သို့ ဓာတ်အားစနစ်ဖြင့် ဓာတ်အားပေးနိုင်ရေးအတွက် ၆၆ ကေဗွီ မိုးကုတ်-မိုးမိတ် ဓာတ်အားလိုင်း  (၂၄.၆၅) မိုင် နှင့်  မိုးမိတ်မြို့တွင် ၆၆/၁၁ ကေဗွီ၊ (၅)အမ်ဗွီအေ ဓာတ်အားခွဲရုံ(၁) ရုံ တို့အား ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့ပါသည်။    ၆၆ ကေဗွီ မိုးကုတ်-မိုးမိတ်ဓာတ်အားလိုင်းနှင့် ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ မိုးမိတ်ဓာတ်အားခွဲရုံအား တည်ဆောက်ပြီးစီး၍ (၂၅.၃.၂၀၁၈)ရက်နေ့  (၁၅:၁၃) နာရီတွင် ယခင်မီးစက်ဖြင့် ဓာတ်အားပေး ထားသော မိုးမိတ်မြို့ပေါ် (၄)ရပ်ကွက်အား နိုင်ငံတော်ဓာတ်အားစနစ်မှ (၂၄)နာရီ စတင် ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပါသည်။

          သို့ဖြစ်ပါ၍ ယခင်မီးစက်ဖြင့် ဓာတ်အားပေးထားသော မိုးမိတ်မြို့ပေါ်ရပ်ကွက်များရှိ ဓာတ်အားသုံးစွဲသူများအပါအဝင် ဓာတ်အားသုံးစွဲသူစုစုပေါင်း (၆၇၄) ဦးအား ဓာတ်အားစနစ်ဖြင့် (၂၄) နာရီ ပုံမှန် ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပြီး ထပ်မံ၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာ (၁၄)ရွာရှိ အိမ်ထောင်စုပေါင်း (၄၈၀၁)စုခန့်အား မကြာမီ ဓာတ်အားဆက်လက်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်နေပြီဖြစ်သဖြင့် မြို့ပေါ်နေ ပြည်သူများနှင့် ကျေးလက်နေ တိုင်းရင်းသားပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် လူမှုအကျိုးစီးပွားရေးရာ ကိစ္စရပ်များတွင် ပိုမိုအကျိုးခံစားရရှိလာတော့မည်ဖြစ်ပါသည်။

Post under by : လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း(ESE)
03-Apr-2018