The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

နေပြည်တော်၊ ၂၀၂၅ခုနှစ် ဩဂုတ်လ ၂၅ ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဌာနမှတာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၄  ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးလျှပ်စစ်အင်ဂျင် နီယာရုံးတွင် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ပြီး ၂၃၀ ကေဗွီ ပုသိမ်ပင်မ ဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ 

   ယခုလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဧရာဝတီတိုင်းဒေသကြီး၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့် ဌာနမှတာဝန် ရှိသူများနှင့်အတူ တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာရုံးအစည်းအဝေးခန်းမတွင် ဝန်ထမ်းများနှင့် တွေ့ဆုံရာ တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာက ဧရာဝတီတိုင်းဒေသအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ပေးနေမှု၊ မီတာများထုတ်ယူ ရရှိ တပ်ဆင် လက်ကျန်အခြေအနေ၊ လျာထားဆောင်ရွက်သွားမည့် စီမံကိန်းလုပ်ငန်းများအခြေအနေ၊ မြေယာပိုင်ဆိုင်မှုအခြေအနေအား ရှင်းလင်းတင်ပြရာ ရုံးချုပ်မှ တာဝန်ရှိသူများက လိုအပ်သည်များဖြည့်စွက်ရှင်းလင်းတင်ပြကြပြီး ဧရာဝတီတိုင်းဒေသကြီး၊ သယံဇာတ ရေးရာဝန်ကြီး ဦးအုန်းမြင့်က တိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်ပိုင်းဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များ ဖြည့်စွက်မှာကြားပါသည်။  ထို့နောက် ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဗို့အားကောင်းမွန်စေရေးအတွက် လိုအပ်သော ဓာတ်အား လိုင်းနှင့် ဓာတ်အားခွဲရုံများတိုးချဲ့တည်ဆောက်သွားနိုင်ရေး စီမံချက်ရေးဆွဲတင်ပြဆောင်ရွက်သွားကြရန်၊ ဓာတ်အားခများအပြည့်အဝကောက်ခံရရှိရေးနှင့် ဓာတ်အားခကြွေးကျန်များ အပြည့်အဝရရှိရေး စီစဉ် ဆောင်ရွက်ရန်၊ မီတာများကို မီးသုံးသူအသစ်များကလျှောက်ထားလာရာတွင် လျှောက်လွှာမှတ်ပုံ တင်ဖြင့် မှတ်ပုံတင်ကာအမြန်ကွင်းဆင်းစစ်ဆေးပြီး မူနှင့်ညီညွှတ်မှုရှိပါက စနစ်တကျတပ်ဆင် ပေးနိုင်ရေးဆောင်ရွက်ရန်၊ လျှပ်စစ်ပုံစံ များကိုလည်းသက်ဆိုင်ရာဌာနများအလိုက် ပြန်လည်အသုံးပြု မှတ်တမ်းတင်နိုင်ရေးဆောင်ရွက်ရန်မှာကြားခဲ့ပြီး ပုသိမ်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၏ ဓာတ်အား သုံးစွဲသူလယ်ဂျာရေးသွင်းနေမှုနှင့် Computer Billing Center တွင် ဓာတ်အားခဖတ်ရှုကောက်ခံနေမှု များအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ၂၃၀ ကေဗွီ ပုသိမ်ပင်မဓာတ်အားခွဲရုံသို့ရောက်ရှိရာ တာဝန်ရှိသူများက ဓာတ်အားခွဲရုံ Control Room အတွင်း ပုသိမ်ပင်မဓာတ်အားခွဲရုံမှ ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေများအား ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးကလိုအပ်သည်များ မှာကြားကာ ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဓာတ်အားခွဲရုံ Switch Yard အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ 

Post under by : ဝန်ကြီးရုံး
25-Aug-2025