The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းများအား ဌာန၏တာဝန်နှင့် ဆောင်ရွက်သွားမည့် အစီအမံများ ရှင်းလင်းပြောကြားခြင်း အခမ်းအနားကျင်းပ

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်

   လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်မှ ဝန်ထမ်းများအား ဌာန၏တာဝန်နှင့် ဆောင်ရွက်သွားမည့်အစီအမံများ ရှင်းလင်းပြောကြားခြင်းအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့ နံနက် ၁၀:၀၀ နာရီ အချိန်၌ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၆)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

   ပြည်ထောင်စုဝန်ကြီးက လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အခြေခံကျပါကြောင်း၊ နိုင်ငံအတွက် လိုအပ်လျက်ရှိသည့် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍမြှင့်တင်ရေး အလေးထားလုပ်ဆောင်သွားရန် နိုင်ငံတော်သမ္မတမှ လမ်း ညွှန်မှုပြုထားပါကြောင်း၊ စီမံကိန်းများဆောင်ရွက်ရာတွင် မြန်မြန်ဆန်ဆန် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ ဝန်ထမ်း များ အလုပ်တာဝန်များ ဆောင်ရွက်ရာတွင် ရလဒ်ကောင်းများရရှိလာစေရန် နိုင်ငံတော်နှင့် ပြည်သူ တို့ အကျိုးကိုရှေးရှု လုပ်ဆောင်ကြစေလိုပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်  နာခံလွယ်၊ သင်ယူလွယ် သော ပုဂ္ဂိုလ်များဖြစ်စေရန်  အမိန့်နှင့်တာဝန်များအား နာခံတတ်စေရန် ကြိုးစားရမည် ဖြစ်ကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ကျွမ်းကျင်ပညာရှင်များ၊ အင်ဂျင်နီယာများ၊ ဘူမိဗေဒပညာ ရှင်များဖြင့် ဖွဲ့စည်းလုပ်ဆောင်ရသည့်အလုပ်ဖြစ်သောကြောင့် ဝန်ထမ်းတစ်ဦးချင်းအနေဖြင့် မိမိ တို့၏နယ်ပယ်အသီးသီးတွင် Professional ဖြစ်လာစေရန် ကြိုးစားကြစေလိုပါကြောင်း၊ “ပြည်သူ လူထု၏အကျိုးစီးပွားကို ထိခိုက်နစ်နာစေမည့် မည်သည့်အကြောင်းအရာကိုမျှ လက်ခံမည်မဟုတ်” ဆိုသော နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အား နှလုံးသွင်း၍ လုပ်ငန်းတာဝန်များ ထမ်းဆောင် ကြ ရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများ ကိုယ်ကျိုးစီးပွားအတွက် လုပ်ဆောင်နေမှုများအား တွေ့ရှိရပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုစီမံကိန်းလုပ်ငန်းများ လျင်မြန် စွာပြီးမြောက်စေရေး တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ လျှပ်စစ်ဓာတ်အား လေလွင့်ဆုံးရှုုံးမှုမဖြစ်ပေါ်စေရေး နည်းပညာအသုံးပြုဆောင်ရွက်ခြင်း၊ မသမာမှုများ ပြုလုပ်နေခြင်း တို့ကို ထိရောက်စွာဟန့်တားနိုင်ရန် အစီအမံဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဓာတ်အား လေ လွင့်ဆုံးရှုုံးမှုလျော့ချနိုင်ခြင်းဖြင့် နိုင်ငံတော်အနေဖြင့် ဝင်ငွေတိုးမြှင့်ရရှိမည်ဖြစ်သည့်အပြင် ဆုံးရှုုံး နေ သည့် ဓာတ်အားများအား လိုအပ်မှုရှိနေသည့် နေရာများသို့ တိုးမြှင့်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သဖြင့် ဝန် ထမ်းများအနေဖြင့် ချမှတ်ဆောင်ရွက်မည့်အစီအမံအတိုင်း တိကျစွာလိုက်နာဆောင်ရွက်ရမည် ဖြစ် ပါကြောင်း၊ ပြည်သူလူထု၏ ယုံကြည်အားကိုးမှုရရှိသည့် ဌာနတစ်ခုအဖြစ် ရပ်တည်နိုင်ရေး ဝန်ထမ်း တိုင်းအနေဖြင့် ကြိုးစားဆောင်ရွက်ကြရန်တိုက်တွန်းပါကြောင်း မှာကြားခဲ့ပါသည်။

   ဆက်လက်၍ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က 500KV ဓာတ်အားလိုင်းတည်ဆောက်နေမှု အခြေအနေများ၊  ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော် ပိုရေးရှင်းဥက္ကဋ္ဌက လျှပ်စစ်ဓာတ်အားလျော့နည်းပျောက်ဆုံးမှုကျဆင်းစေရေး ဆောင်ရွက်နေမှုအခြေ အနေများနှင့်   ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

   ယင်းအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကြီးကြပ်မှုအောက် တိုင်းဒေသကြီး/ပြည်နယ်များရှိ အရာထမ်း၊ အမှုထမ်းများက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
21-Apr-2026