ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန
လျှောက်လွှာခေါ်ယူခြင်း
ကြော်ငြာစာအမှတ်( ၃ / ၂၀၂၄ )
၂၀၂၄ခုနှစ် ၊ စက်တင်ဘာလ(၁၇) ရက်
၁။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ကွပ်ကဲမှုအောက်တွင် လစ်လပ်လျက်ရှိသော လစာနှုန်း (၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ)တန်း ဒု-ဦးစီးမှူး (စက်/လျှပ်)/(မြို့ပြ)ရာထူး ၇၂ နေရာအတွက် အောက်ဖော်ပြပါ သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်-
စဉ် |
ခန့်ထားမည့်ရာထူး |
အနိမ့်ဆုံး ပညာအရည်အချင်း |
နေရာ |
(က) |
ဒု-ဦးစီးမှူး(စက်/လျှပ်) |
AGTI( EP ) |
( ၃၅ ) နေရာ |
( ခ ) |
ဒု-ဦးစီးမှူး(စက်/လျှပ်) |
AGTI( EC/ IT ) |
( ၅ ) နေရာ |
( ဂ ) |
ဒု-ဦးစီးမှူး(စက်/လျှပ်) |
AGTI( MP/MC/MT/CNC) |
( ၁၀ ) နေရာ |
(ဃ) |
ဒု-ဦးစီးမှူး(မြို့ပြ) |
AGTI( Civil ) |
( ၂၂ ) နေရာ |
၂။ လျှောက်ထားသူသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည် ။
( ခ ) (၃၀.၉.၂၀၂၄)ရက်နေ့တွင် အသက်( ၃၅ )နှစ်(ဝန်ထမ်းဖြစ်ပါက( ၄၀ )နှစ် )ထက်မကျော် လွန်သူဖြစ်ရမည် ။
( ဂ ) ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်လက်အင်္ဂါ ပြည့်စုံသန်စွမ်းသူဖြစ်ရမည် ။
(ဃ) မြို့နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတစ်ခုခုတွင် မှတ်ပုံတင်ထားသူဖြစ်ရမည်။
( င ) နေရာဒေသမရွေးသွားရောက် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည် ။
( စ ) အစိုးရဌာနတစ်ခုခုတွင် ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း ၊ ရာထူးမှထုတ်ပယ်ခြင်းခံရသူများ လျှောက်ထားခွင့်မရှိပါ ။
၃။ ရေးဖြေစာမေးပွဲကိုနေပြည်တော်တွင် (၂၄.၁၀.၂၀၂၄)ရက် နံနက်(၀၉:၀၀)နာရီ၌ အင်္ဂလိပ်စာ ဘာသာရပ်ကိုလည်းကောင်း ၊ မွန်းလွဲ(၁၃:၀၀)နာရီ၌ သက်ဆိုင်ရာအင်ဂျင်နီယာဘာသာရပ်ကို လည်းကောင်းဖြေဆိုရမည်ဖြစ်ပြီး (၂၅.၁၀.၂၀၂၄)ရက်မှစ၍ လူတွေ့စစ်ဆေးခြင်းကို ကျင်းပပြုလုပ် သွားမည်ဖြစ်ပါသည် ။
၄။ လျှောက်ထားလိုသူများသည် စာမေးပွဲဝင်ကြေး ငွေကျပ် ၅၀၀၀ / (ကျပ်ငါးထောင်တိတိ)ကို နေပြည်တော်မြန်မာ့စီးပွားရေးဘဏ်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၏ ငွေစာရင်း အမှတ်( MD - 013352 )သို့ ပေးသွင်းရမည် ။
၅။ လျှောက်လွှာကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ Website www.moep.gov.mm တွင် ရယူပြီး လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ၊ ရုံးအမှတ်(၂၇) နေပြည်တော်သို့ (၃.၁၀.၂၀၂၄) ရက်နောက်ဆုံးထား၍ လူကိုယ်တိုင်(သို့မဟုတ်)ကိုယ်စားလှယ်ဖြင့် ပေးပို့လျှောက်ထားရမည် ။
၆။ လျှောက်လွှာနှင့်အတူ အောက်ပါအချက်အလက်များကို ပူးတွဲပေးပို့ရမည် -
(က) စာမေးပွဲဝင်ကြေးငွေပေးသွင်းသည့်ချလန်မူရင်း ။
( ခ ) ဘွဲ့လက်မှတ်/ဒီပလိုမာအောင်လက်မှတ်/အသက်အထောက်အထားအတွက် တက္ကသိုလ် ဝင်တန်းအောင်လက်မှတ် (သို့မဟုတ်)အခြေခံပညာအထက်တန်း
အောင်လက်မှတ် မိတ္တူ ( မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန် ) ။
( ဂ ) နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ ။
(ဃ) လွန်ခဲ့သောသုံးလအတွင်း ရိုက်ကူးထားသော ပတ်စပို့အရွယ်ဓာတ်ပုံအပို ၃ ပုံ ။
( င ) နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအတွက် အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ (သက်တမ်း မကုန်)နှင့် ၁ လအတွင်းရယူထားသော အကျင့်စာရိတ္တကောင်းမွန်
ကြောင်း ၊ ပြစ်မှု ကင်းရှင်းကြောင်း သက်ဆိုင်ရာရပ်ကွက်နှင့် ရဲစခန်းထောက်ခံချက်မူရင်းများ ။
( စ ) လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနတွင် ခန့်ထားခြင်းခံရပါက နေရာဒေသမရွေးသွားရောက်တာဝန်ထမ်းဆောင်ပါမည်ဟု ကတိဝန်ခံချက် ။
၇။ နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် လျှောက်လွှာတစ်စောင်ကို မိမိတာဝန်ထမ်းဆောင်သည့်ဌာနထောက်ခံ ချက်ဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနမှတစ်ဆင့်ခွင့်ပြုချက်ရယူ၍ ပေးပို့ရမည်ဖြစ်သည် ။
၈။ အရည်အချင်းသတ်မှတ်ချက်နှင့် မကိုက်ညီသူများ ၊ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းအချက် အလက်မပြည့်စုံသူများနှင့် သတ်မှတ်ရက်ထက်နောက်ကျသော လျှောက်လွှာများကို လက်ခံစဉ်းစား မည်မဟုတ်ပါ ။ ဖြေဆိုခွင့်လက်မှတ်များကို လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ၊ စီမံခန့်ခွဲရေးဌာန ၊ ရုံးအမှတ်(၂၇)တွင် (၂၃.၁၀.၂၀၂၄)ရက်၌ ထုတ်ပေးမည် ။
၉။ ရွေးချယ်ခြင်းခံရသူများသည် အနည်းဆုံး ၅ နှစ် တစ်ဆက်တည်းတာဝန်ထမ်းဆောင်မည် ဖြစ်ကြောင်း ဝန်ခံကတိစာချုပ်ချုပ်ဆိုရမည်ဖြစ်ပြီး စာချုပ်စည်းမျဉ်းစည်းကမ်းဖောက်ဖျက်ပါက ငွေ ကျပ် ၁,၀၀၀,၀၀၀/-(ကျပ်တစ်ဆယ်သိန်းတိတိ) ကိုပေးလျော်ရမည်။
၁၀။ အသေးစိတ်သိရှိလိုပါက စီမံခန့်ခွဲရေးဌာန ၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီး ဌာန ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ ရုံးအမှတ်(၂၇) ၊ နေပြည်တော်သို့လူကိုယ်တိုင်ဖြစ်စေ ၊ တယ်လီဖုန်း အမှတ် ၊ ၀၆၇-၄၁၀၀၆၆ ၊ ၀၆၇-၄၁၀၀၆၃ တို့သို့ဖြစ်စေ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည် ။
လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန