The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ထုတ်လုပ်သည့် စက်သုံးဆီ(ဓာတ်ဆီ) ရောင်းချမည့်ပုံစံနှင့် ဝယ်ယူသူမှ လိုက်နာရမည့်စည်းကမ်းချက်များ

၁။    မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ကြီးကြပ်မှုအောက်ရှိ မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်တွင် တည်ရှိသော ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်) စက်ရုံမှ ထုတ်လုပ်သည့် ဓာတ်ဆီ နှင့် ဒီဇယ်ဆီများကို MOPS နှင့် ပြည်တွင်းကုမ္ပဏီတို့၏ လက်ကားရောင်းဈေးနှုန်း တို့အပေါ် အခြေခံတွက်ချက်သတ်မှတ်၍  ပြောင်းလဲသတ်မှတ်သည့် ရောင်းဈေးနှုန်းဖြစ်သည့် ဓာတ်ဆီ တစ်ဂါလန်လျှင် ၂,၁၀၀ကျပ် (ကျပ် နှစ်ထောင့်တစ်ရာတိတိ) နှုန်းဖြင့် ဂါလန် (၁.၀)သန်း (ဂါလန်တစ်သန်းတိတိ) အားလည်းကောင်း ၊ ဒီဇယ်ဆီ တစ်ဂါလန်လျှင် ၂,၂၅၀(ကျပ် နှစ်ထောင့်နှစ်ရာ့ငါးဆယ်တိတိ)နှုန်းဖြင့် ဂါလန်(၁.၅)သန်း(ဂါလန်တစ်ဒဿမငါးသန်း)အားလည်းကောင်း  စက်သုံးဆီအရောင်းဆိုင်များ၊ စက်သုံးဆီ တင်သွင်း/ရောင်းချ ဖြန့်ဖြူး ကုမ္ပဏီများ၊ ရေယာဉ်လုပ်ငန်းရှင်များ၊ လမ်းတံတားလုပ်ငန်း၊ တည်ဆောက်ရေးလုပ်ငန်း၊ ပို့ဆောင်ရေးလုပ်ငန်း၊ စက်ရုံအလုပ်ရုံများ၊ သတ္တုတွင်းလုပ်ငန်း၊ စက်သုံးဆီအသုံးပြု၍ လုပ်ငန်း ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းရှင်များသို့ ၁၂-၁၂-၂၀၂၀ ရက် နေ့မှ ၁၃-၁၂-၂၀၂၀ ရက်နေ့အထိလျှောက်လွှာလက်ခံပြီး လွတ်လပ်စွာ ရောင်းချမည်ဖြစ်ပါ၍ မည်သူမဆို ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်)သို့ တိုက်ရိုက်လျှောက်ထား ဝယ်ယူနိုင်ပါသည်။

Download Link : Free_MS_HSD_5.pdf
Post under by : မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း(MPE)
14-Dec-2020