The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ထုတ်လုပ်သည့် စက်သုံးဆီ(Naphtha) ရောင်းချမည့်ပုံစံနှင့် ဝယ်ယူသူမှ လိုက်နာရမည့် စည်းကမ်းချက်များ

၁။    မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ကြီးကြပ်မှုအောက်ရှိ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တွင် တည်ရှိသော အမှတ်(၁)ရေနံဓာတ်ငွေ့ရည်စက်ရုံ(မင်းဘူး)မှ ထုတ်လုပ်သည့် Naphtha များကို ပြည်တွင်းကုမ္ပဏီတို့၏ လက်ကားရောင်းဈေးနှုန်း၊ ပြည်ပ MOPS တို့နှင့် ချိန်ညှိ ဈေးနှုန်းသတ်မှတ်ပြီး  ပြောင်းလဲသတ်မှတ်သည့် ရောင်းဈေးနှုန်းဖြစ်သည့် Naphtha တစ်ဂါလန်လျှင် ၂,၄၀၀ကျပ် (ကျပ် နှစ်ထောင့်လေးရာတိတိ) နှုန်းဖြင့် ဂါလန် ၄၀,၀၀၀(ဂါလန်လေးသောင်းတိတိ) အား  စက်သုံးဆီအရောင်းဆိုင်များ၊ စက်သုံးဆီ တင်သွင်း/ရောင်းချဖြန့်ဖြူး ကုမ္ပဏီများ၊ ရေယာဉ်လုပ်ငန်းရှင်များ၊ လမ်းတံတားလုပ်ငန်း၊ တည်ဆောက်ရေးလုပ်ငန်း၊ ပို့ဆောင်ရေးလုပ်ငန်း၊ စက်ရုံအလုပ်ရုံများ၊ သတ္တုတွင်းလုပ်ငန်း၊ စက်သုံးဆီအသုံးပြု၍ လုပ်ငန်း ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းရှင်များသို့  ၉-၁-၂၀၂၁ ရက်နေ့မှ ၁၀-၁-၂၀၂၁ ရက်နေ့အထိလျှောက်လွှာလက်ခံပြီး လွတ်လပ်စွာ ရောင်းချမည်ဖြစ်ပါ၍ မည်သူမဆို အမှတ်(၁)ရေနံဓာတ်ငွေ့ရည်စက်ရုံ(မင်းဘူး)သို့ တိုက်ရိုက်လျှောက်ထား ဝယ်ယူနိုင်ပါသည်။

Download Link : Free_Naphtha_2.pdf
Post under by : မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း(MPE)
11-Jan-2021