လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲရေးနည်းလမ်းများ
(က) ရုံးချိန်အတွင်း အလင်းရောင်ဝင်ရောက်နိုင်သော ပြတင်းတံခါးများအား ဖွင့်လှစ်၍ လျှပ်စစ် မီးသီး၊ မီးချောင်းများ သုံးစွဲမှုလျှော့ချရန်၊
(ခ) လေဝင်နိုင်သော ပြတင်းတံခါးများ ဖွင့်လှစ်၍ လေအေးပေးစက် သုံးစွဲခြင်းနှင့် လျှပ်စစ် ပန်ကာများ သုံးစွဲခြင်းအား လျှော့ချရန်၊
(ဂ) ရုံးပြန်ချိန်တွင် မလိုအပ်သော လျှပ်စစ်မီးသုံးစွဲမှုများ ရှိ/မရှိ သေချာစိစစ်ရန်၊
(ဃ) လျှပ်စစ်ဓာတ်အားအသုံးပြု၍ သုံးစွဲရသည့် သုံးရေများကိုလည်း အလေအလွင့်မရှိ ချွေတာ သုံးစွဲနိုင်ရေး စိစစ်ဆောင်ရွက်ရန်၊
(င) ရုံးများ၊ စက်ရုံ/အလုပ်ရုံများ၊ ဝန်ထမ်းအိမ်ယာများနှင့် သက်ဆိုင်သော ပုရဝုဏ်များအတွင်းရှိ အများသုံးမီးများ၊ လမ်းမီးများအနက် လိုအပ်သည့် မီးများကိုသာ ထွန်းညှိရန်နှင့် ထွန်းညှိရာ တွင်လည်း နေ့စဉ် ည (၇:၀၀) နာရီမတိုင်မီ ဖွင့်လှစ်ခြင်းမပြုရန်နှင့် နံနက်(၅:၀၀)နာရီတွင် ပြန်လည်ပိတ်ရန်၊
(စ) လျှပ်စစ်မီးသီး၊ မီးချောင်းများ ပျက်စီး၍ အသစ်လဲလှယ်ရာတွင် လျှပ်စစ် ဓာတ်အားသုံးစွဲမှု သက်သာသည့် Energy Saving LED လျှပ်စစ်မီးသီး၊ မီး ချောင်းများဖြင့် လဲလှယ် သုံးစွဲရန်၊
(ဆ) တီဗွီများအား ကြည့်ရှုခြင်းမပြုသည့်အချိန်တွင် ပိတ်ထားရန်နှင့် ရေခဲသေတ္တာများကိုလည်း ထည့်သွင်းထားသည့်် ပစ္စည်းအလိုက် ပိတ်/ဖွင့် ချွေတာခြင်းများ ဆောင်ရွက်ရန်၊
(ဇ) စားသောက်ရေးအတွက် ထမင်းဟင်းချက်ပြုတ်ခြင်းများ ဆောင်ရွက်ရာတွင်လည်း လျှပ်စစ် ဓာတ်အားချွေတာနိုင်မည့် နည်းလမ်းများနှင့် လျှပ်စစ်ဓာတ်အား သက်သာမည့်ပစ္စည်းများ အသုံးပြုနိုင်ရေး အသိပညာပေးဆောင်ရွက်ရန်၊
(ဈ) ဝန်ထမ်းမိသားစုများ ဝင်ငွေ/ထွက်ငွေ မျှတစွာရှိရေးအတွက် လျှပ်စစ်ဓာတ်အား သုံးစွဲခမှာ လည်း တစ်ခုအပါအဝင်ဖြစ်သဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှုနှင့် လျှပ်စစ်ဓာတ်အားချွေတာ နိုင်မည့်ပစ္စည်းများ အသုံးပြုသွားရေး အသိပညာပေးခြင်းများ ဆောင်ရွက်ရန်။