၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဓာတ်အားပြတ်တောက်မှုလျော့နည်းစေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး ဓာတ်အားလိုင်းများတစ်လျှောက် မလွတ်ကင်းသော သစ်ပင် သစ်ကိုင်းများ၊ ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ဓာတ်အားလိုင်း ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့နှင့် ၆ ရက်နေ့များတွင် နံနက် (၈း၃၀) နာရီမှ ညနေ (၆း၀၀)နာရီအထိ လယ်ဝေးတပ်နယ်ရှိ အရေးကြီးနေရာများတွင် ဓာတ်အားယာယီပြတ်တောက်နေမည်ဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်း ရရှိပါသည်။